CDM News

CDM News

ထီးလင်းမြို့အထိုင်စစ်တပ်စခန်းမှ တပ်သားတစ်ဦး အထက်အရာရှိတပ်ကြပ်ကြီးတစ်ဦး၏ စနိုက်ပါ တစ်လက်ကို ခိုးယူလာကာ အလင်းဝင်၊ ဆုငွေ ၆၅ သိန်းချီးမြှင့်

 

D Day News

ဩဂုတ်လ ၂၉

 

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့အထိုင်စခန်းမှ တပ်သားတစ်ဦးသည် အထက်အရာရှိ တပ်ကြပ် ကြီးတစ်ဦး၏ စနိုက်ပါသေနတ်တစ်လက်ကို ခိုးယူလာကာ အလင်းဝင်ရောက်ခဲ့သဖြင့် ဆုငွေ ကျပ် ၆၅ သိန်းချီးမြှင့်ပေးခဲ့ကြောင်း YRA ထီးလင်းထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၂၈ ရက်နေ့ ထီးလင်းမြို့အထိုင်စစ်တပ်စခန်းမှ တပ်သား ဟိန်းသူအောင်သည် အကြမ်းဖက်စစ်ကောင်စီတပ်အတွင်း ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းမရှိသဖြင့် ၎င်း၏ အထက်အရာရှိဖြစ်သူ တပ်ကြပ်ကြီးတစ်ဦး၏ MAS အမျိုးအစား စနိုက်ပါ သေနတ် တစ်လက်၊ ကျည် ဘောက် ၂ ခု၊ ကျည်ဆံ အထုပ်တစ်ထုပ်၊ ကျည်ဆံ ၄၆ တောင့်နှင့် လက်ပစ်ဗုံးတစ်လုံးတို့ယူဆောင် ကာ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ရောက်လာသူ တပ်သား ဟိန်းသူအောင်ကို ဂန့်ဂေါခရိုင်တပ်ရင်း (15/16/17)-YRA ထီးလင်းမှ ကောင်းမွန်စွာ ကြိုဆိုခဲ့ပြီး ဆုကြေးငွေ ၆၅ သိန်းပေးအပ်ကာ လွတ်မြောက်နယ်မြေ တနေ ရာသို့ ပို့ဆောင်ပြီး​ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ခေါင်းဆောင်မိသားစုများ၏ အသက်အိုးအိမ်စည်းစိမ်များအား အသက်ပေးကာကွယ် ရန် မထိုက်တန်ကြောင်း လက်ရှိတာဝန်ထမ်းဆောင်နေသည့် အကြမ်းဖက်စစ်တပ်မှ တပ်သား၊ အရာ ရှိ အဆင့်ဆင့်များ နားလည်သဘောပေါက်၍ ပြည်သူကို မျက်နှာမူကာ CDM ပြုလုပ်ကြရန် ဂန့်ဂေါ ခရိုင် တပ်ရင်း (15/16/17)-YRA ထီးလင်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Shan State News

Shan State News

ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲရွာကို စစ်တပ်၊ PNO ပြည်သူ့စစ်တို့ပူးပေါင်းပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီး   သံလွင်မြန်မာသတင်း ဇွန်လ ၂၆   ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ဆောင်နန်းခဲကျေးရွာကို စစ်တပ်၊ PNO ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီး လျက်ရှိကြောင်း ဒေသသတင်းရင်းမြစ်များထံမှ...