သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၂၂
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို ရောက်ရှိနေသော စစ်တပ်အတွင်း မူးယစ်ဆေးဝါးတရားဝင် ရောင်းဝယ်သုံးစွဲခွင့်ရနေကြောင်း အလင်းဝင်ခဲ့သည့် စစ်မှုထမ်းတပ်သား ကိုအောင်ကျော်က ဝန်ခံထားသည်။
အောက်တိုဘာလ ၁၇ ရက်နေ့က နောင်ချိုမြို့နယ်တွင် တံတားပြင်ဆင်နေသည့် စစ်ကြောင်းထဲမှ စစ် မှု ထမ်းတပ်သား ကိုအောင်ကျော်သည် အစောင့်စစ်သားအလစ်တွင် လက်နက်မဲ့ထွက်ပြေးလာပြီး ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ထံအလင်းဝင်ခဲ့ကြောင်း၊ ၎င်း၏ မိခင်တပ်ရင်းသည် နမ့် လန်မြို့အခြေစိုက် ခလရ ၂၄၃ တပ်ရင်းမှဖြစ်ကြောင်း သိရသည်။
“သူတို့က စိတ်ကြွဆေးတွေပေးတာလည်းရှိတယ်။ ကျနော်တို့ အလုပ်ပင်ပန်းတယ်ဆိုရင် တချို့သူ ငယ် ချင်းတွေဆို တစ်သောင်းဖို့ ဘယ်နှစ်လုံးရတယ်ဆိုပြီး အချင်းချင်းတွေရောင်းကြတာရှိတယ်။ စစ်တပ် ထဲမှာ မူးယစ်ဆေးဝါးတရားဝင်ဖြန့်ဖြူးခွင့်ပေးထားတယ်။ အထက်လူကြီးတွေကိုယ်တိုင် ပြောတာက တော့ သိတာသိစေ၊ မမြင်စေနဲ့ဆိုပြီး ပြောတာ၊ မင်းတို့ အရက်သောက်ချင်လည်း သောက်၊ ဒါပေမယ့် ငါတို့ရှေ့မှာ မလုပ်နဲ့၊ ဆေးချချင်လားချ၊ ငါတို့ရှေ့မှာ မလုပ်နဲ့၊ အဲလိုမျိုးပြော ထားပါတယ်။” ဟု အလင်းဝင်တပ်သား ကိုအောင်ကျော်က ပြောကြားသည်။
အလင်းဝင်ရောက်ခဲ့သည့် စစ်မှုထမ်းတပ်သား ကိုအောင်ကျော်သည် မန္တလေးမြို့၊ ကျောက်ဝိုင်းတွင် ပေါ်တာဆွဲဖမ်းဆီးခံရကာ မကွေးစုဆောင်းရေးတပ်သို့ ပို့ဆောင်ခြင်းခံခဲ့ရကြောင်း၊ ထိုနောက် မိသား စုနှင့် အဆက်အသွယ်ဖြတ်တောက်ကာ နမ့်လန်မြို့သို့ ပို့ဆောင်ဆောင်လိုက်ပြီး စစ်မှု ထမ်း အပတ် စဉ် ၁၂ သို့တက်ရောက်ခဲ့ရသူဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media