နောင်ချိုမြို့နယ်တွင် စစ်မှုထမ်းတပ်သား ၁ ဦး ထွက်ပြေးလာပြီး အလင်းဝင်

နောင်ချိုမြို့နယ်တွင် စစ်မှုထမ်းတပ်သား ၁ ဦး ထွက်ပြေးလာပြီး အလင်းဝင်

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၂၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းသို့ ရောက်ရှိနေသည့် စစ်တပ်စစ်ကြောင်းအနက် စစ်မှုထမ်းတပ်သား တစ်ဦး အလင်းဝင်ခဲ့ကြောင်း ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ ၁၇ ရက်နေ့က နောင်ချိုမြို့နယ်တွင် တံတားပြင်ဆင်နေသည့် စစ်ကြောင်းထဲမှ စစ် မှု ထမ်းတပ်သား ကိုအောင်ကျော်သည် အစောင့်စစ်သားအလစ်တွင် လက်နက်မဲ့ထွက်ပြေးလာပြီး ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ထံအလင်းဝင်ခဲ့ကြောင်း၊ ၎င်း၏ မိခင်တပ်ရင်းသည် နမ့် လန်မြို့အခြေစိုက် ခလရ ၂၄၃ တပ်ရင်းမှဖြစ်ကြောင်း သိရသည်။

“သူက နောင်ချိုမှာ တံတားတွေခင်းပြီး တံတားတွေ ပြင်နေတဲ့အချိန်မှာ အစောင့်စစ်သားတွေရဲ့ အ လစ်မှာ ထွက်ပြေးလာတာပါ။ လက်ရှိကတော့ သူ့ကို ကောင်းကောင်းမွန်မွန် ထားထားပါတယ်။ သူ့ မိသားစု တွေ ဆီကို ပြန်ပို့ပေးဖို့ စီစဉ်နေတယ်၊ သူ့မိသားစုနဲ့တွေ့ပြီးရင်တော့ တော်လှန်ရေးထဲကို ဆက်လက် ပါဝင်မယ်လို့ ပြောဆိုထားပါတယ်” ဟု ကျောက်မဲခရိုင်အထူးတပ်ဖွဲ့မှ ထောက်ပို့ရဲဘော် မရွှေဂျူးက ပြောကြားသည်။

အလင်းဝင်ရောက်ခဲ့သည့် စစ်မှုထမ်းတပ်သား ကိုအောင်ကျော်သည် မန္တလေးမြို့၊ ကျောက်ဝိုင်းတွင် ပေါ်တာဆွဲဖမ်းဆီးခံရကာ မကွေးစုဆောင်းရေးတပ်သို့ ပို့ဆောင်ခြင်းခံခဲ့ရကြောင်း၊ ထိုနောက် မိသား စုနှင့် အဆက်အသွယ်ဖြတ်တောက်ကာ နမ့်လန်မြို့သို့ ပို့ဆောင်ဆောင်လိုက်ပြီး စစ်မှု ထမ်း အပတ် စဉ် ၁၂ သို့တက်ရောက်ခဲ့ရသူဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုးကုတ်မြို့ကို အကြမ်းစစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ် ၃ ဦး သေဆုံး၊ ကလေးအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရ

မိုးကုတ်မြို့ကို အကြမ်းစစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ် ၃ ဦး သေဆုံး၊ ကလေးအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၁ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၃ ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် ပြည်သူ ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ အောက်တိုဘာလ ၂၁ ရက် ညနေ ၂...