ပုလောမြို့နယ်တွင် စစ်မှုထမ်းတပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ပုလောမြို့နယ်တွင် စစ်မှုထမ်းတပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၈

တနင်္သာရီတိုင်း၊ ပုလော(လယ်မူလား)မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်မှုထမ်း တပ် သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေး ဌာနက ထုတ်ပြန်သည်။

အောက်တိုဘာလ ၆ ရက်နေ့က လယ်မူလား (ပုလော)မြို့နယ်အတွင်း၌ အကြမ်းဖက်တပ် ခလရ-၁၀၁ တပ်ရင်းမှ စစ်မှုထမ်း တပ်သား ၁ ဦးသည် MA1 အမျိုးအစား သေနတ် ၁ လက်၊ ကျည် ဘောက် ၄ ခုနှင့် ကျည်ဆံများယူဆောင်ကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မ ဟာ ၄ ၊ K.N.D.O တပ်ရင်း ၇ ထံသို့ အလင်းဝင်ခဲ့ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ခဲ့သည့် စစ်သားသည် အကြမ်းဖက်စစ်ကောင်စီတပ်မှ အတင်းအဓမ္မဖမ်းဆီးကာ စစ်သားအဖြစ် စုဆောင်းခံရသူဖြစ်ကြောင်း သိရသည်။

‎အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရသည့် အကြမ်းဖက်စစ်တပ် အတွင်းမှ တပ် သားများအနေဖြင့် မိမိတို့နှင့်နီးစပ်ရာ တော်လှန်ရေးတပ်များထံသို့ ရရာနည်းဖြင့် လက်နက်ချ အ လင်းဝင် ပူးပေါင်းကြပါရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက တိုက်တွန်း ထားသည်။

‎Photo – K.N.L.A တပ်မဟာ(၄)၊ K.N.D.O တပ်ရင်း(၇)၊ ထံသို့ ထပ်မံအလင်းဝင် ဘက်ပြောင်းခိုလှုံသည့် အာဏာသိမ်းတပ်သား(၁)ဦး။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုင်းငေါ့မြို့ရဲစခန်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး သေဆုံး ပြီး ၂ ဦးဒဏ်ရာရ ၊ နေအိမ် ၈ လုံးပျက်စီး

မိုင်းငေါ့မြို့ရဲစခန်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး သေဆုံး ပြီး ၂ ဦးဒဏ်ရာရ ၊ နေအိမ် ၈ လုံးပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၈ ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားသော မိုင်းငေါ့မြို့ ရဲစခန်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကာ နေအိမ် ၈ လုံး ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက...