စက်တင်ဘာလ အတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား၊ ရဲ စုစုပေါင်း ၆၈ ဦး အလင်းဝင်၊ လက်နက် ၁၅ လက်နှင့်ခဲယမ်းအချို့ ရရှိ

စက်တင်ဘာလ အတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား၊ ရဲ စုစုပေါင်း ၆၈ ဦး အလင်းဝင်၊ လက်နက် ၁၅ လက်နှင့်ခဲယမ်းအချို့ ရရှိ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၄

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ အတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား၊ ရဲ ၆၈ ဦး အလင်းဝင်ရောက်ခဲ့ပြီး လက်နက် ၁၅ လက်နှင့်ခဲယမ်းအချို့ ရရှိခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦး ၊ စစ်ကောင်စီတပ်သား ၈ ဦး၊ စစ်မှုထမ်းတပ်သား ၅၇ ဦး နှင့် ရဲ ၁ ဦးတို့သည် အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန နှင့် ပြည်သူ့ရင်ခွင် (People’s Embrace) တို့ကို ချိတ်ဆက်၍ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ရောက်ခဲ့သူများအနက် လက်နက်၊ ခဲယမ်းများဖြင့် အလင်းဝင်ရောက်ခဲ့သူ ၁၈ ဦး ရှိ ပြီး MA-1 အမျိုးအစား သေနတ် ၁၁ လက်၊ MA-3 အမျိုးအစား သေနတ် ၄ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ နင်းမိုင်း ၂ လုံး၊ ကျည်မျိုးစုံ ၅၉၀ တောင့်ကျော်တို့ ယူဆောင်လာခဲ့ကြောင်း သိရသည်။

ပြည်သူ့ရင်ခွင်ထံ အလင်းဝင်ရောက်ခဲ့သူများသည် စစ်ကောင်စီတပ်အတွင်းနေထိုင်စဉ် အခွင့်အရေး ရသည်နှင့်တပြိုင်နက် ပြည်သူနှင့်အတူ ရပ်တည်ရန် ကြိုးပမ်းနေကြသူများဖြစ်ပြီး ကျန်ရှိနေသော စစ်ကောင်စီတပ်သားများအနေဖြင့်လည်း ပြည်သူနှင့်အတူ ရပ်တည်ရန်ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

အာဏာသိမ်း အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စု ဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ် တိုင်းရင်း သား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ်ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြပါရန် NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တန့်ဆည်မြို့နယ်၊ သာဂရကျေးရွာနှင့် သာဂလကျေးရွာတို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးဒဏ်ရာရရှိပြီး နေအိမ် ၁၈ လုံးပျက်စီး

တန့်ဆည်မြို့နယ်၊ သာဂရကျေးရွာနှင့် သာဂလကျေးရွာတို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးဒဏ်ရာရရှိပြီး နေအိမ် ၁၈ လုံးပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ သာဂရကျေးရွာနှင့် သာဂလကျေးရွာတို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၁၈ လုံးပျက်စီးခဲ့ ကြောင်း တန့်ဆည်မြို့နယ် ပကဖ က ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၄...