စလင်းမြို့နယ်တွင် ခလရ ၂၅၄ တပ်မှ စစ်မှုထမ်းတပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်ပြီး အလင်းဝင်

စလင်းမြို့နယ်တွင် ခလရ ၂၅၄ တပ်မှ စစ်မှုထမ်းတပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်ပြီး အလင်းဝင်

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၃၀

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် စစ်မှုထမ်းတပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူ ဆောင်ပြီး အလင်းဝင်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ထုတ်ပြန်သည်။

စက်တင်ဘာလ ၂၀ ရက်နေ့က စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ ၊ နွယ်တမယ် တံတားဂိတ်၌ တာဝန် ကျနေသော ခ.လ.ရ ၂၅၄ မှ စစ်မှုထမ်း တသ ထက်မြတ်ထွန်းသည် MA-၂ အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ဘောက်ဝိုင်း ၁ ခု ၊လက်ပစ်ဗုံး ၁ လုံး ၊ ၅.၅၆ ကျည် ၁၄၅ တောင့် ယူ ဆောင်ကာ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းထံ အလင်းဝင်ခဲ့ကြောင်း သိရသည်။

အလင်းဝင်ရောက်ခဲ့သူ စစ်မှုထမ်း တသ ထက်မြတ်ထွန်းမှာ ယခင်က PDF တပ်ဖွဲ့ ထောက်ပို့ရဲဘော် ဟောင်း တစ်ဦး ဖြစ်ပြီး ထောက်ပို့လုပ်ငန်းလုပ်ဆောင်စဥ် ၂၀၂၃ ခုနှစ် ဇူလိုင်လပိုင်းတွင် လမ်းပေါ်၌ ပေါ်တာဆွဲခံရကာ ပြင်ဦးလွင် – မန္တလေး​ကြား မန္တလေးစုဆောင်းရေးတပ် ၉၁၀ သို့ ပို့ဆောင်ခံလိုက် ရကြောင်း၊ ယင်းတပ်တွင် ၃ လခန့်အကြာ ထိန်းသိမ်းခံထားခဲ့ရကြောင်း သိရသည်။

ထို့နောက် တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့သို့ ပို့ဆောင်ခံလိုက်ရပြီး စစ်မှုထမ်း အပတ်စဉ် ၁/၂၀၂၄ သင် တန်းသို့ တက်ရောက်ခဲ့ရကာ သင်တန်းဆင်းပြီးနောက် ပခုက္ကူမြို့အခြေစိုက်တပ်မ ၁၀၁ သို့ ပို့ဆောင် ခံလိုက်ရကြောင်း၊ ယင်းမှ တဆင့် ခလရ – ၂၅၄ တပ်ရင်းသို့ ထပ်မံပို့ဆောင်ခံခဲ့ရသူဖြစ်ကြောင်း သိရ သည်။

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် တပ်သား ထက်မြတ်ထွန်းအား မင်းဘူး ခရိုင်၊ အမှတ် ၅ တပ်ရင်းမှ ဂုဏ်ပြု ဆုငွေ ကျပ်သိန်း ၁၀၀ တိတိကို ချီးမြှင့်ပေးအပ်ခဲ့ပြီး ၎င်းဖြစ်ချင်သည့် ဆန္ဒအတိုင်း ဆက်လက်လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

ယခုကဲ့သို့ အကြမ်းဖက်စစ်တပ်၏ လက်အောက်မှ ရုန်းထွက်ကာ တော်လှန်ရေးတပ်ဖွဲ့များထံ ပူး ပေါင်း ပါဝင်ချင်သူများကို မင်းဘူးခရိုင်ရှိ တော်လှန်ရေးတပ်ဖွဲ့များမှ ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆို လျက်ရှိကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်မဲမြို့ကို စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် ကျောက်မဲ PDF တောင်းပန်

ကျောက်မဲမြို့ကို စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် ကျောက်မဲ PDF တောင်းပန်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက်စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် မိဘပြည်သူများကို တောင်းပန်ပါကြောင်း ကျောက်မဲ PDF တပ်ဖွဲ့က ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။ ကျောက်မဲမြို့သူမြို့သား မိဘပြည်သူများကို ကျောက်မဲမြို့အား အကြမ်းဖက် စစ်အုပ်စုလက်ထဲသို့ ပြန်ပေးလိုက်ရသည့်အတွက် ဦးစွာ တောင်းပန်အပ်ပါကြောင်း၊...