ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေစခန်းသို့ ပို့ဆောင်ခြင်းခံရသည့် စစ်မှုထမ်း စစ်သား ၅ ဦး အလင်းဝင်

ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေစခန်းသို့ ပို့ဆောင်ခြင်းခံရသည့် စစ်မှုထမ်း စစ်သား ၅ ဦး အလင်းဝင်

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၁၅

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်းသို့ ပို့ဆောင်ခြင်းခံခဲ့ရသည့် စစ်မှုထမ်း စစ်သား ၅ ဦး အလင်းဝင်ခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် ၂ တပ်ရင်း က ထုတ်ပြန်သည်။

စက်တင်ဘာလ ၉ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်တောင် ဗျူဟာစစ်စခန်းမှ စစ်မှုထမ်း တပ်သားသစ် ၅ ဦးတို့သည် သေနတ် ၁ လက်၊ လက်နက်ခဲယမ်းများ၊ စစ်ဝတ်စုံများနှင့်အတူ ထွက်ပြေးလွတ်မြောက်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အလင်းဝင်ခဲ့ ကြောင်း သိရသည်။

အဆိုပါ စစ်မှုထမ်းတပ်သား ၅ ဦးမှာ စကခ ၁၇ လက်အောက်ခံ၊ ခြေမြန်တပ်ရင်း ခမရ ၅၂၀ တပ် ရင်းမှ ဖြစ်ပြီး ရှမ်းပြည် မိုင်းပန်ဘက်မှ မကွေးတိုင်း၊ ငဖဲမြို့နယ်သို့ ပို့ဆောင်ခံရခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင်လာသော တပ်သားသစ် ၅ ဦးမှာ တပ်သားဉာဏ်မြင့်မြတ်၊ တပ်သားအောင်အောင်၊ တပ် သား အောင်ခိုင်၊ တပ်သား ဖြိုးကိုကို၊ တပ်သား‌ ဇော်ထွေး တို့ဖြစ်ပြီး စစ်မှုထမ်းအပတ်စဉ် ၉ အပတ် စဉ် ၁၁ နှင့် အပတ်စဉ် ၁၃ တို့မှ သင်တန်းဆင်း တပ်သားများဖြစ်ကြောင်း သိရသည်။

ထို့သို့ အလင်းဝင်ရောက်လာသည့် စစ်မှုထမ်းစစ်သားများကို မင်းဘူးခရိုင် ၊ အမှတ်၂ တပ်ရင်းမှ စစ်ဘက်ဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်လက်ခံပြီး ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့ပေးခဲ့ ကြောင်း သိရသည်။

လက်နက်ချ၍ ပြည်သူနှင့် ပူးပေါင်းလိုသော စစ်ကောင်စီတပ်သားများကို မင်းဘူး ခရိုင်၊ အမှတ်၂ တပ်ရင်းမှ လက်ခံကြိုဆိုလျက်ရှိကာ လူ့အခွင့်အရေး အပြည့်အဝရရှိစေပြီး လက်နက်ဖြင့် အလင်း ဝင်လာသူများကို ဆုငွေများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြောက်ဒဂုံမြို့နယ်၊ မဝတလမ်းဆုံအနီးရှိ မြို့နယ်ထွေအုပ်ရုံးနှင့် ယာဉ်ထိန်းရဲရုံးတို့ကို လက်ပစ်ဗုံးများ ဖြင့် ဖောက်ခွဲတိုက်ခိုက်

မြောက်ဒဂုံမြို့နယ်၊ မဝတလမ်းဆုံအနီးရှိ မြို့နယ်ထွေအုပ်ရုံးနှင့် ယာဉ်ထိန်းရဲရုံးတို့ကို လက်ပစ်ဗုံးများ ဖြင့် ဖောက်ခွဲတိုက်ခိုက်

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၅ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ မဝတလမ်းဆုံအနီးရှိ ထွေအုပ်ရုံးနှင့် ယာဉ်ထိန်းရဲရုံးတို့ကို လက်ပစ်ဗုံး များဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Operation Flame စစ်ဆင်ရေးအဖွဲ့ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ ၁၄ ရက် နံနက် ၁ ၃၅ မိနစ်က မြောက်ဒဂုံမြို့နယ်၊ မဝတလမ်းဆုံအနီး၊...