ကျောက်တံခါးမြို့နယ်၊ နတ်သံကွင်းကာကင်းစခန်းမှ စစ်မှုထမ်းတပ်သား ၁ ဦး လက်နက်ခဲယမ်းများ နှင့် အတူ အလင်းဝင်၊

ကျောက်တံခါးမြို့နယ်၊ နတ်သံကွင်းကာကင်းစခန်းမှ စစ်မှုထမ်းတပ်သား ၁ ဦး လက်နက်ခဲယမ်းများ နှင့် အတူ အလင်းဝင်၊

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၁၃

ပဲခူးတိုင်း၊ ကျောက်တံတားခါမြို့နယ်၊ နတ်သံကွင်းကာကင်းစခန်းမှ စစ်မှုထမ်းတပ်သား ၁ ဦး လက် နက်ခဲယမ်းများယူဆောင်ပြီး အလင်းဝင်ခဲ့ကြောင်း ပဲခူးခရိုင် တပ်ရင်း ၂ – P23702 က ထုတ်ပြန် သည်။

စက်တင်ဘာလ ၇ ရက်နေ့က ကျောက်တံခါးမြို့နယ်၊ နတ်သံကွင်း ကာကင်းစခန်း၌ တာဝန်ကျ နေ စစ်မှုထမ်းတပ်သား တစ်ဦးသည် MA အမျိုးအစား သေနတ် ၁ တစ်လက် ၊ ကျည်ဘောက် ၅ ခု ၊ ကျည် ၁၅ဝ တောင့် တို့ကို ယူဆောင်ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဗျူဟာ ၂၅ ကွပ်ကဲမှု အောက်ရှိ ပဲခူးခရိုင်တပ်ရင်း ၂ -P23702 ထံသို့ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့်အတွက် စစ်မှုထမ်း တပ်သားသည် အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးခံရကာ ရောင်းစားခံခဲ့ရသူဖြစ်ကြောင်း၊ ၎င်းကို ဘေးကင်းသည့် နေရာသို့ ပို့ဆောင် ကာ လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်လျက်ရှိ​ကြောင်း၊ ၂၀၂၅ ခုနှစ် အတွင်း စစ်ကောင်စီ ဘက်မှ ဘက်ပြောင်းခိုလှုံပြီး အလင်းဝင်ရောက်သည့်တပ်သား ၃၅ ဦးထိ ရှိခဲ့ပြီဖြစ်ကြောင်း အသိ ပေးထုတ်ပြန်ထားသည်။

“စစ်ကောင်စီမှ အလိုမတူပဲ အတင်းအဓမ္မ ခေါ်ဆောင်ခံခဲ့ရသူများအနေနဲ့ တော်လှန်ရေးတပ်ရင်း၊ တပ်ဖွဲ့တွေကို အမြန်ဆုံးချိတ်ဆက်ပြီး အလင်းဝင်ကြပါ။ ကိုယ်တိုင်ရုန်းထွက်ချင်တဲ့စိတ်နဲ့ စွန့်လွှတ် စွန့်စားရဲတဲ့ သတ္တိရှိဖို့ပဲလိုတယ်ဆိုတာကို တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ လက်နက်နှင့်တစ်ကွ နေ့စဥ် နှင့်အမျှ အလင်းဝင်နေကြတဲ့သူတွေက အကောင်းဆုံးသက်သေပြနေပါတယ်။ ကျနော်တို့ တပ်ရင်း အနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ ဘက်ပြောင်းအလင်းဝင်လာကြမည့်သူများကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလျက်ရှိကြောင်းလဲ ထပ်ဆင့်အသိပေးအကြောင်းကြားပါတယ်။” ဟု ပဲခူးခရိုင် တပ်ရင်း ၂ – P23702 က ပြောဆိုထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရ

ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၂ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအပါအဝင် ကလေး ငယ် ၁၈ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် -AA က သတင်းထုတ်ပြန် သည်။ ယနေ့ စက်တင်ဘာလ...