အောင်ဇေယျ စစ်ကြောင်းမှ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားများကို Cobra စစ်ကြောင်း မှူး ဗိုလ်ဒါဘောနှင့်အဖွဲ့က နွေးထွေးစွာကြိုဆို (ရုပ်သံ)

အောင်ဇေယျ စစ်ကြောင်းမှ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားများကို Cobra စစ်ကြောင်း မှူး ဗိုလ်ဒါဘောနှင့်အဖွဲ့က နွေးထွေးစွာကြိုဆို (ရုပ်သံ)

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၂၈

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် အလင်းဝင်ရောက်ခဲ့သည့် အောင် ဇေယျ စစ်ကြောင်းမှ စစ်ကောင်စီတပ်သားများကို Cobra စစ်ကြောင်းမှူး ဗိုလ်ဒါဘောနှင့်အဖွဲ့က နွေးထွေးစွာကြိုဆိုခဲ့ ကြောင်း Black Panther Column ထံမှ သိရသည်။

လွန်ခဲ့သော ၄ လခန့် နွေရာသီအချိန်က မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ပေါ်တွင် အလင်း ဝင်ရောက်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်း စစ်သားများကို ဗိုလ်ဒါဘော အဖွဲ့က နွေးထွေးစွာကြိုဆိုခဲ့ပြီး ပါလာသည့် လက်နက်များကိုလည်း တန်ဖိုးအလိုက်ဆုငွေများ ချီးမြှင့် ပေးခဲ့ကြောင်း သိရသည်။

“လတော့မမှတ်မိတော့ဘူး၊ အဲဒီတုန်းကဝင်လာတာက ၄ ယောက်လား ၅ ယောက်လားပဲ၊ သူတို့တင် မကဘူး။ တစ်ယောက်နှစ်ယောက်နဲ့ အဲလိုမျိုးတွေအလင်းဝင်နေတာက အများကြီးပဲ၊ အရေအတွက် မှတ်တောင်မမှတ်မိတော့ဘူး။ အဲဒီလတွေထဲမှာ အများကြီးပဲ၊ အဲဒီအသုတ်တွေထဲကနေ အခုဆိုရင် PDF သင်တန်းတက်ပြီးတော့ စကစကို ပြန်တိုက်နေကြပြီ။ တော်တော်ကြာပြီ၊” ဟု Black Panther Column မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်နက်နှင့်တကွ အလင်းဝင်ရောက်ပါက လက်နက်တစ်လက်လျှင် ငွေကျပ် သိန်း ၃၀ ၊ သိန်း ၅၀ စသည်ဖြင့် ဆုချီးမြှင့်ပေးခဲ့ပြီး စနိုက်ပါ၊ လက်နက်ကြီး ယူဆောင်လာနိုင်ပါက တန်ဖိုးအလိုက် ထိုက် ထိုက်တန်တန် ဆုချီးမြှင့်ပေးကြောင်း သိရသည်။

“အခုနောက်ပိုင်းဝင်တဲ့ ပစ တော်တော်များများကလည်း စခလုပ်ချင်လွန်းလို့ ဝင်ခဲ့တဲ့သူတွေမဟုတ် ကြဘူး။ သူတို့လည်း ပြည်သူထဲက ပြည်သူပဲ။ အခြေအနေအကြောင်းအမျိုးမျိုးကြောင့်၊ မဲနှိုက်ပြီး တော့ စခလုပ်ရတာတွေရှိတယ်။ မတရားပေါ်တာဆွဲခံရပြီးတော့ စခ လုပ်ရတဲ့ လူတွေရှိတယ်။ မတ ရားသဖြင့် ဘောမချင်တဲ့စိတ်နဲ့ဝင်လာတဲ့သူတွေ မဟုတ်တဲ့အတွက်ကြောင့်မို့လို့ တိုက်ပွဲဖြစ်ရင်လည်း ခွေးလိုမျိုး ရွပ်ရွပ်ချွံချွံ အသေခံပြီးတော့ ဘောမပေးမနေဘူး။ ကျနော်တို့နဲ့တွေ့ရင် အလံဖြူထောင် ပူး ပေါင်းမယ်၊ မတွေ့တဲ့အခါမျိုးဆိုရင်လည်း သူတို့နည်း သူတို့ဟန်နဲ့ ကျနော်တို့ကိုချိတ်ဆက်ပြီးတော့ အလင်းဝင်ကြတယ်။ ကျနော်တို့ကတော့ အလင်းဝင်သူမှန်သမျှကို လက်ဖျားနဲ့တောင် မတို့ဘူး။ ကျ နော်တို့ညီအစ်ကိုရဲဘော်လိုပဲ သဘောထားတယ်။ သတ်မှတ်တယ်။” ဟု Black Panther Column မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ပြည်သူနှင့်အတူပူးပေါင်းလာသည့် စစ်ကောင်စီတပ်သားများကို ဗိုလ်ဒါဘောအနေဖြင့် တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် လုပ်ဆောင်ပေးလျက်ရှိပြီး နေရပ်ဒေသသို့ မပြန်နိုင်သူများကိုလည်း ၎င်းတို့ ဆန္ဒသဘောထားအရ ခိုလှုံခွင့်ပေးထားကြောင်း၊ ထို့ကြောင့် စစ်ကောင်စီတပ်သားများ၊ စစ်မှုထမ်း တပ်သားများအနေဖြင့် ယုံကြည်စိတ်ချစွာ ဆက်နိုင်ကြောင်း အသိပေးထားသည်။

“မတရားသဖြင့် ဖမ်းဆီးပြီးတော့ ပေါ်တာဆွဲခံရတဲ့ ရဲဘော်တွေကိုလည်းပြောချင်တာက ကျနော်တို့ ဘက်ကို လာလို့ရှိရင် စိတ်ချလက်ချလို့ရပါတယ်။ သူတို့ အရင်အရင်လူတွေနဲ့ချိတ်ဆက်မှုရှိတဲ့သူတွေ လည်းရှိတယ်။ ရဲရဲသာလာပါလို့၊ ကျနော်တို့ဘာမှ မလုပ်ဘူး။ လူ့ကျင့်ဝတ်ရော၊ စစ်သုံးကျင့်ဝတ်တွေ ရော ကျနော်တို့ အကုန်လုံး စောင့်ထိန်းပါတယ်။ ကျနော်တို့ဆီ အလင်းဝင်ပူးပေါင်းတဲ့သူမှန်သမျှ ကျနော်တို့အနေနဲ့လည်း အမြဲတမ်းကြိုဆိုပါတယ်။ နောက်ထပ်လာမယ့်သူတွေလည်း စကစဘက်က ဝါဒဖြန့်သလို သတ်မှာတို့ဘာတို့ စိုးရိမ်စိတ်မရှိပဲ လာလို့ရပါတယ်လို့ရပါတယ်။ အမှားကိုသိပြီးတော့ အမှန်ပြင်ကာ အလင်းဝင်ဖို့ကြိုးစားပါလို့ ၊ အဲဒီစကစထဲမှာနေရင်တစ်နေ့မဟုတ်တနေ့သေရမှာပဲ ဆိုတော့။” ဟု  Black Panther Column မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တောင်ငူမြို့အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် -တပခကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု အရာရှိ ၂ ဦးအပါအဝင် စစ်သား ၆ ဦးသေဆုံး၊ အရာရှိနေအိမ်နှင့်လူပျိုဆောင်ဘားတိုက်မီးလောင် ပျက်စီး (ရုပ်သံ)

တောင်ငူမြို့အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် -တပခကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု အရာရှိ ၂ ဦးအပါအဝင် စစ်သား ၆ ဦးသေဆုံး၊ အရာရှိနေအိမ်နှင့်လူပျိုဆောင်ဘားတိုက်မီးလောင် ပျက်စီး (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက်၊ အကြမ်းဖက်စစ်ကောင်စီ၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် -တပခ ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar – BWM က ထုတ်ပြန်သည်။ ဩဂုတ်လ ၂၆ ရက် နံနက် ၁၀...