စစ်ကောင်စီတပ်အတွင်းရှိ သန္ဓေစစ်သားများက မူးယစ်ဆေးဝါး၊ အရက်သေစာသောက်စားသုံးစွဲပြီး စစ်မှုထမ်းတပ်သားများကို ပစ်သတ်ဖို့လုပ်၊ ရှေ့တန်းစစ်မြေပြင်တွင် စစ်မှုထမ်းတပ်သားများကို သန္ဓေစစ်သားများ လူသားဒိုင်းကာ အဖြစ် အသုံးချနေ (ရုပ်သံ)

စစ်ကောင်စီတပ်အတွင်းရှိ သန္ဓေစစ်သားများက မူးယစ်ဆေးဝါး၊ အရက်သေစာသောက်စားသုံးစွဲပြီး စစ်မှုထမ်းတပ်သားများကို ပစ်သတ်ဖို့လုပ်၊ ရှေ့တန်းစစ်မြေပြင်တွင် စစ်မှုထမ်းတပ်သားများကို သန္ဓေစစ်သားများ လူသားဒိုင်းကာ အဖြစ် အသုံးချနေ (ရုပ်သံ)

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁၄

စစ်ကောင်စီတပ်အတွင်းရှိ သန္ဓေစစ်သားများက မူးယစ်ဆေးဝါး၊ အရက်သောက်စားသုံးစွဲကာ စစ်မှု ထမ်းတပ်သားများကို ပစ်သတ်ဖို့အထိလုပ်ဆောင်နေကြောင်းနှင့် ရှေ့တန်းတိုက်ပွဲများတွင်လည်း လူ သားဒိုင်းကာအဖြစ် သုံးချနေကြောင်း အလင်းဝင်စစ်မှုထမ်းတပ်သား ကိုကျော်မင်းခိုင်က ပြောကြား သည်။

ဩဂုတ်လ ၁၂ ရက်နေ့က ကျောက်ကြီးမြို့နယ်၊ ခလရ ၆၀ တပ်ရင်း ရှေ့တန်းစခန်းတနေရာမှ ထွက် ပြေးလာပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်အမှတ် ၂ တပ်ရင်းထံ ခိုလှုံခဲ့သည့် စစ်မှု ထမ်းသားကျော်မင်းခိုင်သည် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကွင်း အတွင်း၌ ခရီးသွားရန် ပြင်ဆင်နေစဉ် ပေါ်တာဆွဲဖမ်းဆီးခံရာ စစ်မှုထမ်းတပ်သားအဖြစ်စုဆောင်းခံ ရသူဖြစ်ကြောင်း သိရသည်။

“လမ်းမှာလုံခြုံရေးလုပ်တော့ ကိုယ့်တပ်စု၊ တပ်စိပ်တွေနဲ့အတူတူနေရတယ်။ အဲလိုအတူတူနေရတဲ့ အခါမှာ ကျနော်တို့ဆီက ရဲဘော်တွေ၊ ဆရာတွေ၊ ဆရာကြီးတွေပေါ့၊ ဆေးတွေချတယ်။ အရက်တွေ သောက်တယ်။ မူးပြီးတော့ သေနတ်တွေနဲ့ချိန်တယ်၊ ချိန်ပြီးတော့ ပစ်မယ့်အဆင့်အထိ ဖြစ်တယ်။ ကျနော်တို့ ပြည်သူ့စစ်တွေကို သူတို့စစ်သားတွေက ခွဲခြားပြီးတော့ ဆက်ဆံတယ်။ သူတို့က ဆေး တွေ ချတယ်၊ အရက်တွေသောက်တယ်။ မူးလာတဲ့အခါကျရင် ကျနော်တို့ကို ပြသနာရှာတယ်၊ ကျ နော်တို့ သေနတ်နဲ့ချိန်တဲ့အထိ ပစ်သတ်ဖို့အထိ လုပ်ပါတယ်။ ပြီးတော့ ကျနော်တို့ကို လူသား ဒိုင်း ကာ အဖြစ်အသုံးချတယ်။ ဒါ့ကြောင့်မို့ထွက်ပြေးလာတာပါ။” ဟု အလင်းဝင်လာသည့် စစ်မှုထမ်း တပ်သား ကိုကျော်မင်းခိုင်က ပြောကြားသည်။

အောင်မင်္ဂလာအဝေးပြေးကွင်းအတွင်း၌ ပေါ်တာဆွဲခံရပြီးနောက် အမှတ် ၅၀၅ အမြောက်တပ်တွင် လူစုကာ မိုးစွေအထက ၂ ကျောင်း၌ ဖွင့်လှစ်သည့် စစ်မှုထမ်းသင်တန်းကို ၂ ပတ်ကြာတက်ရောက်ခဲ့ ရကာ တောင်ငူမြို့အခြေစိုက် အမှတ် ၁ ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေးတပ် သင်တန်းကျောင်းသို့ ဆက်လက်ပို့ဆောင်ကာ မွမ်းမံသင်တန်း ၂ ပတ်ထပ်တက်ခဲ့ရကြောင်း၊ ယင်းသင်တန်းဆင်းပြီး နောက် ကျောက်ကြီးမြို့အခြေစိုက် ခလရ ၆၀ တပ်ရင်းသို့ ထပ်မံသို့ဆောင်ခဲ့ကြောင်း သိရသည်။

“မွမ်းမံသင်တန်း ၂ ပတ်ပြည့်ပြီးတဲ့နောက်မှာ ခလရ ၆၀ (ကျောက်ကြီး)မှာ တာဝန်ထမ်းဆောင်ဖို့ လာတယ်၊ ဒါပေမယ့်အမှတ် ၆၀ ခြေလျင်တပ်ရင်းကို သွားဖို့ လမ်းကြောင်း အခက်အခဲဖြစ်တဲ့ အတွက် ကြောင့်မို့လို့ လမ်းမှာလုံခြုံရေးလုပ်ရတယ်။ အနိုင်ကျင့်မှုတွေ၊ ဖိနှိပ်မှုတွေကို မခံစားနိုင်တဲ့ အတွက်ကြောင့်အခုလို PDF တွေရှိတဲ့နေရာ ကို ထွက်လာခဲ့တာပါ။ ထွက်လာတေ့ PDF တွေနဲ့တွေ့ လို့ PDF တွေက ကျနော်တို့ကို နွေးထွေးစွာကြိုဆိုပါတယ်။ နောက်ထပ်အဲဒီမှာကျန်တဲ့ PDF ထဲကို အလင်းဝင်မယ်ဆိုရင် ရဲရဲတင်းတင်းလာလို့ရအောင် သိအောင် ပြောပြလိုက်တာဖြစ်ပါတယ်။ အ လင်းဝင်လာသည့် စစ်မှုထမ်း တပ်သား ကိုကျော်မင်းခိုင်က ပြောကြားသည်။

ထွက်ပြေးမလာမီ စစ်ကောင်စီတပ် ဗျူဟာမှူး ဗိုလ်မှူးကြီး တင်လင်းဦးက တန်းစီ၍ ထွက်ပြေးပါက PDF တပ်ဖွဲ့က ခေါင်းဖြတ်သတ်မည်ဖြစ်ကြောင်း၊ PDF တပ်ဖွဲ့အတွင်း၌ မူးယစ်ဆေးဝါးများသုံးစွဲ သည်ဟု ဝါဒဖြန့်ခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာကို ဝင်ရောက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံး (ရုပ်သံ)

တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာကို ဝင်ရောက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၃ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ၊ တမုတ်ချုံးကျေးရွာကို ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖကသတင်းထုတ်ပြန် သည်။ ဩဂုတ်လ ၁၀ ရက် နံနက် ၉ နာရီ ၃၁ မိနစ်က...