CDM News

CDM News

ကော့သောင်းမြို့နယ်၊ ခမရ ၄၃၁ တပ်ရင်းမှ စစ်သား ၁ ဦး ၃ ကြိမ်မြောက်ထွက်ပြေးလာပြီး ကော့သောင်းပကဖ ထံ အလင်းဝင်

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၃၀

 

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင် ၊ကော့သောင်းမြို့နယ် အခြေစိုက် အမှတ် (၄၃၁) ခြေမြန်တပ် ရင်းမှ တပ်သား ၁ ဦး ၃ ကြိမ်မြောက်ထွက်ပြေးလာကာ အလင်းဝင်ခဲ့တယ်လို့ ကော့သောင်းပကဖက ထုတ်ပြန် ထားပါတယ်။

 

ဇူလိုင်လ ၂၉ ရက်နေ့က ခမရ ၄၃၁ တပ်ရင်းမှ တပ်သား အေးမင်းထွန်းသည် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ထံသို့ ဆက်သွယ်ကာ ပြည်သူ့ရင်ခွင်သို့ ခိုလှုံ ဝင်ရောက်ခဲ့တာပါ။

 

အလင်းဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်သား အေးမင်းထွန်းသည် ရွှေဘိုမြို့ အမှတ် (၈) လေ့ကျင့်ရေး သင်တန်း ကျောင်းဆင်းဖြစ်ပြီး ကော့သောင်းမြို့နယ် အခြေစိုက် အမှတ် (၄၃၁) ခြေမြန်တပ်ရင်းကို ပို့ ဆောင်ခံခဲ့ရကာ တစ်နှစ်ကျော်စစ်မှုထမ်းခဲ့ရသူဖြစ်ပါတယ်။

အခုအခါမှာ အခွင့်သာခိုက် ထွက်ပြေးလာကာ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံသို့ ဆက်သွယ်ဝင်ရောက်ခဲ့တာဖြစ်လို့ ကော့သောင်းမြို့နယ် ပကဖက ပြောဆိုထားပါ တယ်။

 

အေးမင်းထွန်းအနေနဲ့ စစ်တပ်ကနေ အကြိမ်ကြိမ်ထွက်ပြေးခဲ့ဖူးပြီးတော့ ၃ ကြိမ်မြောက်မှ လွတ် မြောက် လာဖြစ်တယ်လို့ ဆိုပါတယ်။

 

စစ်ကောင်စီတပ်ထဲမှာ ထွက်ပြေးချင်တဲ့ ရဲဘော်အမြောက်အများရှိတယ်လို့ တပ်သား အေးမင်းထွန်း က ပြောပြခဲ့တယ်လို့ ကော့သောင်းမြို့နယ်ပကဖ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ကော့သောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အကြမ်းဖက်စစ် ကောင်စီ ယန္တရားမှာ ပါဝင်ဆောင်ရွက်လျက်ရှိတဲ့ ဝန်ထမ်းတွေ အားလုံ ပြည်သူ့ရင်ခွင်ကို အမြန်ဆုံး ခိုလှုံကြဖို့ ကော့သောင်မြို့နယ် ပကဖက တိုက်တွန်းထားပါတယ်။

 

ပြည်သူ့ဘက်ကို မရပ်တည်တဲ့ စစ်ကောင်စီတပ်သား၊ လက်အောက်ခံ ဝန်ထမ်းတွေကို ကော့သောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က လုပ်ထုံးလုပ်နည်းနဲ့အညီ ထိရောက်စွာ လုပ်ဆောင် သွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုင်းငေါ့မြို့ရဲစခန်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး သေဆုံး ပြီး ၂ ဦးဒဏ်ရာရ ၊ နေအိမ် ၈ လုံးပျက်စီး

မိုင်းငေါ့မြို့ရဲစခန်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး သေဆုံး ပြီး ၂ ဦးဒဏ်ရာရ ၊ နေအိမ် ၈ လုံးပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၈ ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားသော မိုင်းငေါ့မြို့ ရဲစခန်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကာ နေအိမ် ၈ လုံး ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက...