CDM News

CDM News

မုံရွာမြို့ နမခ ဌာနချုပ်မှ ပြည်သူ့ဘက်တော်သားအဖြစ် အလင်းဝင်ရောက်ပြီး PDF သင်တန်းတက် နေသူ စစ်မှုထမ်း တပ်သား ၂ ဦးကို ဂုဏ်ပြုဆုငွေ ထပ်မံချီးမြှင့်

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၂၉

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ပြည်သူ့ဘက်တော်သား အဖြစ် အလင်းဝင်ရောက်ပြီး PDF သင်တန်းတက်နေသူ စစ်မှုထမ်း တပ်သား ၂ ဦးကို ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးခဲ့ကြောင်း ဒို့အရေချန်နယ်ထံမှ သိရသည်။

 

ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့က စစ်ကိုင်းတိုင်းမုံရွာမြို့ခြေစိုက် စစ်မှုထမ်းတပ်သား ၂ ဦးသည် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်လိုကြောင်း ဒို့အရေးချန်နယ် အတွင်းရေးမှူး မရွှေဂျူးထံ ဆက်သွယ်လာသဖြင့် နီးစပ်ရာ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ထံ ဆက်သွယ်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ မရွှေဂျူး၏ ဆက်သွယ်ပေးမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သွားရောက် ကယ် ထုတ်ခဲ့ရာ စစ်မှုထမ်း တပ်သား ၂ ဦးမှာ MA1 အမျိုးအစားသေနတ် ၂ လက်၊ ၃၆ ခွင်းဗုံး ၂ လုံး၊ နင်း မိုင်း ၂ လုံး၊ ၅ ဒသမ ၅၆ ကျည်အတောင့် ၂၀၀ တို့နှင့်အတူ အလင်းဝင် ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အလင်းဝင်ခဲ့တဲ့ တပ်သား ၂ ဦးမှာက လက်နက်ခဲယမ်းတွေလည်းပါလာတယ်၊ အခုလည်း PDF သင်တန်းတက်ပြီး စစ်ကောင်စီကို ပြန်တိုက်တော့မှာမို့ လိုအပ်တာတွေ ဝယ်နိုင်ဖို့ ငွေကျပ် ၅ သိန်း ထပ်မံချီးမြှင့်ခဲ့တာပါ။ မိဘပြည်သူတွေ အနေဖြင့် မြေပြင်တိုက်ခိုက်ရေးတပ်ဖွဲ့တွေနဲ့ CDM သူရဲ ကောင်းတွေကို ပါဝင်ထောက်ပို့လှူဒါန်းလိုပါက ဒို့အရေးChannel Facebook Page Messenger ကနေ ထောက်ပံ့လှူဒါန်းနိုင်သလို ကျမ မရွှေဂျူးကနေတဆင့်လည်း ထောက်ပံ့လှူဒါန်းနိုင်ပါတယ်” ဟု ဒို့အရေးချန်နယ်အတွင်းရေးမှူး မရွှေဂျူးက ပြောကြားသည်။

 

ဒို့အရေးချန်နယ်အနေဖြင့် CDM နိုင်ငံဝန်ထမ်း သူရဲကောင်းများ၊ ရှေ့တန်းရောက် ရဲဘော်များ၊ အကြမ်းဖက်စစ်ကောင်စီကို ရွပ်ရွပ်ချွံချွံတိုက်ခိုက်နေသော တော်လှန်ရေးအဖွဲ့အစည်းများကို လစဉ် ချိတ်ဆက်ကာ ထောက်ပံ့ကူညီပေးလျက်ရှိ‌ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ပြင်ဦးလွင် ၊ ပုသိမ်ကြီး၊ မတ္တရာနှင့် နောင်ချိုမြို့နယ်တို့အတွင်းရှိ စစ်ကောင်စီတပ်၏ လူ ၊ လက်နက်၊ ခဲယမ်းတိုက် တည်နေရာများကို အတိအကျ သတင်းပေးနိုင်သူအား ထိုက်ထိုက်တန်တန် ဆုငွေချီး မြှင့်မည်   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၉   မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ်နှင့်...