CDM News

CDM News

ပခုက္ကူမြို့နယ်၊ အောင်သာပျူစခန်းမှ ပျူစောထီးတစ်ဦးနှင့် မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းမှ ရဲ တပ်ကြပ်တစ်ဦးတို့ မိသားစုပါခေါ်၍ လက်နက်ခဲယမ်းများနှင့် အတူ အလင်းဝင်

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၅

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အောင်သာရွာပျူစခန်းမှ ပျူစောထီးတစ်ဦး မိသားစုလိုက်ခေါ်ပြီး လက် နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း Ayar Daung တပ်ဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၁၂ ရက် နံနက် ၁၁ နာရီခန့်က ပခုက္ကူမြို့နယ်၊ အောင်သာပျူစောထီးစခန်းမှ ပျူစောထီးတစ် ဦးသည် မိသားစုလိုက်ခေါ်ဆောင်ကာ G3 အမျိုးအစားသေနတ် ၁ လက်၊ ကျည်ဘောက် ၈ ဘောက်၊ ကျည် ၃၅၆ တောင့်၊ အီကွေးမန့် ၁ စုံ၊ အီနာဂါဗုံးသီး ၁ လုံးတို့ယူဆောင်ကာ ပခုက္ကူခရိုင် ပကဖ လှုပ်ရှားတပ်ဖွဲ့ ၅ ဧရာဒေါင်းတပ်ဖွဲ့ထံအလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူ့မိသားစုတွေကတော့ လွတ်မြောက်နယ်မြေမှာ ပို့ထားပါတယ်။ အလင်းဝင်လာတဲ့သူကတော့ စစ်ကောင်စီကို ပြန်တော်လှန်မယ်ပါ့မယ်တဲ့၊ ကျန်ရှိနေတဲ့ ပျူတွေအနေနဲ့လည်း အမြင်မှန်ရပြီး အ လင်းဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု Ayar Daung တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ အလင်းဝင်ရောက်လာသည့် ပျူစောထီးကို ပခုက္ကူခရိုင်ပ.က.ဖ လှုပ်ရှားတပ် တပ်ဖွဲ့ ၅ ဧရာ ဒေါင်း တပ်ဖွဲ့မှ ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ပေးအပ်ခဲ့ကာ လုံခြုံစိတ်ချရသည့်နေရာသို့ပို့ဆောင် ပေးထားကြောင်း သိရသည်။

 

အလားတူ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းမှ ရဲတပ်ကြပ် ၁ ဦးသည် မိသားစုကိုပါ ခေါ်ဆောင်ပြီး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း ယင်းမာပင်ခရိုင် အမှတ် ၃၀ တပ် ရင်းထံမှ သိရသည်။

ဇွန်လ ၁၂ ရက်နေ့က မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းမှ ရဲတက ကိုကျော်မင်းရန် သည် MA 13 (BA 94) အမျိုးစားသေနတ် ၁ လက်၊ ၉ မမ ကျည် အတောင့် ၃၀ ၊ ကျည်ဘောက် ၁ ခု တို့ကို ယူ ဆောင်၍ ဇနီး နှင့်သား တို့ကိုပါ ခေါ်ဆောင်ကာ ယင်းမာပင်ခရိုင်၊ တပ်ရင်းအမှတ် ၃၀ ၊ တပ်ခွဲ ၂ သို့ ဆက်သွယ်ကာ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့သို့ ပြည်သူ့ရင်ခွင်သို ဘက်ပြောင်းခိုလှုံလာသူ ရဲတပ်ကြပ်အား ထိုက်သင့်သည့် ဆုကြေးငွေများ ချီးမြင့်ရန်အတွက် အမျိုးသားညီညွှတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကို တင်ပြထားကြောင်း သိရသည်။

 

အလင်းဝင်လညငု ရဲတပ်ကြပ်နှင့် မိသားစုအား လုံခြုံသည့် နေရာသို့ ပို့ဆောင်ထားကာ ၎င်းတို့၏ ဆန္ဒအတိုင်း ကူညီပေးသွားမည်ဖြစ်ကြောင်း၊ ထပ်မံ၍ ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းခိုလှုံလိုသည့် စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များကိုလည်း နွေးထွေးစွာကြိုဆိုသွားမည်ဖြစ်ကြောင်း ထုတ် ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
CDM News

CDM News

CRPH ၏ “အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်း ဥပဒေ” သည် စစ် ကောင်စီ၏ CDM ဝန်ထမ်းများ အပေါ်ထားသော သဘောထားတူညီနေသဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ထုတ်ပြန်   သံလွင်မြန်မာသတင်း ဇွန်လ ၁၅ CRPH ၏ “အကြမ်းမဖက်...