CDM News

CDM News

CDM ဝန်ထမ်းများကို ဂုဏ်ပြုချီးမြှင့်နိုင်ရန်နှင့် CDM မလုပ်သော အကြမ်းဖက်စစ်တပ်လက်အောက်ခံ ဝန်ထမ်းများကို အရေးယူနိုင်ရေးအတွက် CDM ဥပဒေကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော် မတီ – CRPH က ပြဌာန်းအတည်ပြု

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၄

 

အကြမ်းဖက်မဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု – CDM နိုင်ငံ့ဝန်ထမ်းများကို ဂုဏ်ပြုချီးမြှင့်နိုင်ရန်နှင့် CDM မလုပ်ပဲ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ဝန်ထမ်းများကို အရေးယူနိုင်ရေးအတွက် “အ ကြမ်း မဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ” ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ပြဋ္ဌာန်း အတည်ပြုလိုက်ကြောင်း သိရသည်။

 

ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုး ရ၊ CDM အောင်မြင်ရေးကော်မတီ (CDM Success Committee) က “အကြမ်းမဖက် အာဏာဖီဆန် ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ” ကို ပေးပို့ခဲ့ရာ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အတည်ပြု ပြဌာန်းရခြင်းသည် CDM နိုင်ငံ့ဝန်ထမ်းများ၏ နိုင်ငံရေးခံယူချက်အား လေးစား တန်ဖိုး ထား၍ နိုင်ငံသားအခွင့်အရေးနှင့် အခြေခံလူ့အခွင့်အရေးအား အကာအကွယ်ပေးရန်၊ CDM နိုင်ငံ့ဝန်ထမ်းများအား လေးစားဂုဏ်ပြုအပ်သည့် ဝန်ထမ်းကောင်းများအဖြစ် အသိအမှတ်ပြုခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ခြင်းများကို ထိရောက်စွာ ဆောင်ရွက်ရန် တို့ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် CDM နိုင်ငံ့ဝန်ထမ်းများ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စွမ်းရည်များ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် လိုအပ်သော အကူအညီများ ပံ့ပိုးပေးရန်၊ နိုင်ငံ့ဝန်ထမ်းများ၏ နစ်နာမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ရှာဖွေဖော်ထုတ်၍ ပြန်လည်ကုစားပေးခြင်း နှင့် အမှန်တရားနှင့်တရားမျှတမှု ရှာဖွေ‌ဖော်ထုတ်ခြင်း အစီအမံများ ဆောင်ရွက်ရန်ဖြစ် ကြောင်း သိရ သည်။

 

ဂုဏ်သိက္ခာရှိပြီး အမှန်တရားနှင့် တရားမျှတမှုကို တန်ဖိုးထားသော ဖက်ဒရယ် ဒီမိုကရေစီပြည် ထောင်စုနှင့် ကိုက်ညီသည့် နိုင်ငံ့ဝန်ထမ်းယန္တရားကို ဖော်ဆောင်ရာတွင် အထောက်အကူ ဖြစ်စေရန်၊ CDM နိုင်ငံ့ဝန်ထမ်းများ၏ မြင့်မြတ်သော ခံယူချက်နှင့်စိတ်ဓာတ်များ ရေရှည်တည်တံ့စေရန်တို့ အတွက် အတည်ပြုပြဌာန်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

 

အလာတူး CDM မလုပ်ပဲ အကြမ်းဖက်စစ်ကောင်စီလက်အောက်၌ ဆက်လက်လုပ်ကိုင်နိုင်သော နိုင်ငံ့ဝန် ထမ်းများကိုလည်း ယင်းဥပဒေနှင့်အညီ စိစစ်၍ ၄င်းတို့၏ ပြုလုပ်မှု၊ ပျက်ကွက်မှုများအပေါ် အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြဌာန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Yangon News

Yangon News

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံရှိ စစ်တပ်ဘန်ကာအတွင်းမှ ထွက်လာသော စစ်သားများကို မိုင်းခွဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၁၄   ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံရှိ စစ်တပ်ဘန်ကာအတွင်းမှ ထွက်လာသော စစ်သားများကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း...