ရွှေဘိုမြို့နယ်၊ မြင်းချင်းရွာ ပျူစောထီးအဖွဲ့မှ ပျူစောထီး ၁ ဦး မိသားစုကို ခေါ်ပြီး လက်နက်ခဲယမ်း များနှင့်အတူ အလင်းဝင်
သံလွင်မြန်မာသတင်း
ဇွန်လ ၇
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းရွာ ပျူစောထီးအဖွဲ့မှ ပျူစောထီး ၁ ဦးသည် မိသားစုကိုပါခေါ် ဆောင်ပြီး လက်နက်ခဲယမ်းများ နှင့်အတူ အလင်းဝင်ခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ – ပကဖ ထံမှ သိရသည်။
ယမန်နေ့ ဇွန်လ ၆ ရက်နေ့က ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းကျေးရွာရှိ ပျူစောထီးအဖွဲ့မှ ပျူ စောထီး ၁ ဦးသည် G3 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ဘောက်၊ G3 ကျည် အမျိုး အစား ၉၂ တောင့်တို့ကို ယူဆောင်ကာ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့သို့ ဆက်သွယ်ပြီ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အသို့ အလင်းဝင်ရောက်ခဲ့သော ပျူစောထီးသည် လက်နက်ခဲယမ်းများအပြင် မိသားစုကို ခေါ် ဆောင်ပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကာ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဝမ်း မြောက် ဝမ်းသာ ကြိုဆို၍ လိုအပ်သည်များ ကူညီစောင့်ရှောက်ပေးကာ ဂုဏ်ပြုဆုငွေကိုလည်း ထိုက်သင့် အားလျော်စွာ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
စစ်အာဏာရှင် အမြစ်ဖြတ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်နေပြီဖြစ်သောကြောင့် စစ်ကောင်စီ တပ် ဖွဲ့ဝင်များ၊ ပျူစောထီးများအနေဖြင့် အမြန်ဆုံး အလင်းဝင်ရောက်ကြရန်နှင့် အလင်းဝင်ရောက်မည်ဆို ပါက အချိန်မရွေး ဆက်သွယ်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြပါရန် ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တိုက်တွန်းနှိုးဆော်ထားသည်။
Thanlwin Myanmar Media