CDM News

CDM News

မုံရွာမြို့နယ်တွင် စစ်တပ်စစ်ကြောင်းနှင့် စစ်တပ်စခန်းတို့မှ စစ်မှုထမ်းတပ်သား ၂ ဦးနှင့် ရဲတစ်ဦးတို့ လက်နက်ခဲယမ်းများ ယူဆောင်ပြီး အလင်းဝင် ငွေကျပ် သိန်း ၅၀ စီချီးမြှင့်

 

သံလွင်မြန်မာသတင်း

ဇွန်လ ၅

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်တပ်စစ်ကြောင်းနှင့် စစ်တပ်စခန်းတို့မှ စစ်မှုထမ်းတပ်သား ၂ ဦး နှင့် ရဲတစ်ဦးတို့ လက်နက်ခဲယမ်းများယူဆောင်ပြီး အလင်းဝင်လာသဖြင့် ငွေကျပ်သိန်း ၅၀ စီဆုချီး မြှင့်ပေးခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ -ပလဖ ထံမှ သိရသည်။

 

ပြီးခဲ့သည့်မေလနှင့် ယခုဇွန်အတွင်းတို့တွင် မုံရွာမြို့ပေါ်ရှိ စစ်တပ်စခန်းနှင့် မုံရွာမြို့နယ်အတွင်း လှည့်လည်နေသော စစ်တပ်စစ်ကြောင်းတို့မှ စစ်မှုထမ်းတပ်သား ၂ ဦးနှင့် ရဲတစ်ဦးတို့သည် MA1 အမျိုးအစားသေနတ် ၁ လက်၊ G3 အမျိုးအစားသေနတ် ၁ လက်နှင့် MA13 အမျိုးအစားသေနတ် ၁ လက်တို့ကို ယူဆောင်ကာ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့သည့် ဆက်သွယ်ကာ အလင်းဝင်လာခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

“နှစ်ယောက်ကတော့ ကျနော်တို့နဲ့အတူတော်လှန်ရေးတာဝန်ထမ်းဆောင်ချင်တယ်ဆိုလို့ တပ်ဖွဲ့ ထဲမှာ တာဝန်ပေးထားတယ်။ ကျန်တဲ့တစ်ယောက်ကတော့ တော်လှန်ရေးမှာလည်း မပါချင်ဘူး။ စခ တွေ ဘက်မှာလည်း မနေချင်ဘူးဆိုပြီး သူမိသားစုတွေပြန်မယ်ဆိုလို့ ပို့ပေးလိုက်ပြီ။ လက်နက်ပါ လာတဲ့အတွက်ချီးမြှင့်ငွေ သိန်း ၅၀ နဲ့အတူသူသွားလိုရာနေရာကို ပို့ပေးလိုက်တာ။သူတို့စိတ် သဘော ဆန္ဒ အလျောက်ပဲ ကျနော်တို့ကဆောင်ရွက်ပေးတာပါ။” မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ -ပလဖ တာဝန်ခံ ကိုအာကူးက ပြောကြားသည်။

 

ထိုသို့ အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများကို မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ -ပလဖ မှ ငွေကျပ် သိန်း ၅၀ စီဆုချီးမြှင့်ပေးခဲ့ပြီး ၎င်းတို့သဘောဆန္ဒအလျောက်တစ်ဦးမှာ မိသားစုရှိ သို့ ပြန်သွားပြီး ကျန် ၂ ဦးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများအဖြစ် တာဝန်ထမ်းဆောင် လျက်ရှိကြောင်း သိသည်။

 

အလင်းဝင်ရောက်လာသူများမှာ ရန်ကုန်မြို့တွင် အတင်းအဓမ္မစစ်သားအဖြစ်စုဆောင်းခံရသူ နေမျိုး ဦး ၊ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အတင်းဓမ္မစစ်သားအဖြစ်စုဆောင်းခံရသူ ကိုညီညီနှင့် ဧရာဝတီ တိုင်း၊ ပုသိမ်မြို့ဇာတိဖြစ်သူ ရဲတပ်သား ချစ်မိုးသူ တို့ဖြစ်ကြောင်း သိရသည်။

 

“စစ်ကောင်စီက သူတို့တပ်တွင်းမှာ ခြောက်လှန့်မှုတွေလုပ်ထားတယ်၊ မင်းတို့လက်နက်တွေယူပြီး PDF ထွက်ပြေးရင်လည်း PDF ကို မင်းတို့ရောက်ရင် သတ်မှာပဲ၊ ရှင်းမှာပဲဆိုပြီး ခြောက်ထားတယ်၊ ဝါဒဖြန့်ထားတယ်၊ အဲဒီကြောင့်မို့လို့ ကျနော်တို့ဘက် ဒီလိုနွေးနွေးထွေးထွေးကြိုဆိုတယ်၊ ဒီလိုချီးမြှင့် မှုတွေရှိတယ်ဆိုတာ ပြချင်တာပါ။ ကျနော့်ဆီမှာလက်နက်မပါပဲ ပြေးလာတဲ့သူအများကြီးပဲ၊ လူဦး ရေ ၂၀ နီးပါးလောက်ရှိပါတယ်။ အဲဒီထဲက သက်ဆိုင်ရာတာဝန်ကို ထမ်းနေသူတွေရှိသလို ပြန်တဲ့သူ တွေလည်း ပြန်တာတွေရှိပါတယ်။” ဟု မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ -ပလဖ တာဝန်ခံ ကိုအာကူးက ရှင်းပြသည်။

 

စစ်ကောင်စီတပ်အတွင်းမှ ထွက်ပြေးပြီး ပြည်သူ့ရင်ခွင်သို့ ရိုးရိုးသားသားဖြင့် ဝင်ရောက်ခိုလှုံလိုပါက နွေထွေးစွာကြိုဆိုလျက်ရှိပြီး လက်နက်ပါသည်ဖြစ်စေ၊ လက်နက်မပါသည်ဖြစ်စေ မည်သည့် နေရာ သို့ ရောက်ရှိနေသည်ဖြစ်စေ ကြိုးစားခေါ်ထုတ်ကာ ကူညီပေးလျက်ရှိကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

ညီနောင်မဟာမိတ် ၃ ဖွဲ့မှ အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသော်လည်း နောင်ချိုမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ဘုန်းကြီး ကျောင်း ၁ ကျောင်းနှင့် နေအိမ် ၂ လုံး ပျက်စီး   သံလွင်မြန်မာသတင်း ဇွန်လ...