CDM News

CDM News

ကျောက်ကြီးမြို့နယ်တွင် ခမရ ၅၈၄ မှ တပ်သား ၃ ဦးလက်နက်ခဲယမ်းနှင့်အတူအလင်ဝင် (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇွန်လ ၅

 

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ခမရ ၅၈၄ တပ်ရင်းမှ တပ်သား ၃ ဦးအလင်းဝင်ခဲ့ကြောင်း Spring Warriors Column ကထုတ်ပြန်သည်။

 

မေလ ၁၆ ရက်နေ့က ကျောက်ကြီးမြိုနယ် ၊ နောင်ကုန်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော ခမရ ၅၈၄ တပ်မှ စစ်ကောင်စီတပ်သား ၃ ဦး သည် MA 1 အမျိုးအစား သေနတ် ၁ လက် ၊ MA3 အမျိုး အစား သေနတ် ၂ လက်တို့နှင့်အတူ ခဲယမ်းများယူဆောင်လာကာ Spring Warriors Column ထံသို့ အလင်းဝင်ခဲ့ကြောင်း သိရသည်။

အလင်းဝင်လာသူ တပ်သားများသည် စစ်ကောင်စီ၏ မတရားစစ်မှုထမ်းရန် ပေါ်တာဆွဲခေါ်ဆောင် ခံထားရသော လူငယ်များဖြစ်ပြီး အလင်းဝင်ရောက်လာချိန်တွင် နွေးထွေးစွာကြိုဆို၍ ကောင်းမွန်စွာ စောင့်ရှောက်ပေးပြီး ဆုငွေများလည်း ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီမှ မတရားစစ်မှုထမ်းရန်ခေါ်ဆောင်ခံရသော လူငယ်များနှင့် မတရားစစ်ကောင်စီ လက် အောက်ခံ စစ်သားများအနေဖြင့် စစ်ကောင်စီ လက်ပါးစေဘဝမှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံဝင် ရောက်ကြပါရန်နှင့် ပြည်သူ့ရင်ခွင့်ထံ ခိုလှုံဝင်ရောက်လိုပါက မိမိတိုတာဝန်ကျရာနှင့် နီးစပ်ရာ တပ် ရင်း၊ စစ်ကြောင်း သိုမဟုတ် Spring Warriors Column တပ်ရင်း page messenger သိုဆက်သွယ်၍ အလင်းဝင်ရောက်နိုင်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ရွှေဘိုမြို့တောင်ဘက်အထွက်မုခ်အနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦး သေဆုံး၊ စစ်တပ်က လက် နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ တစ်ဦး သေဆုံး   သံလွင်မြန်မာသတင်း ဇွန် ၆   စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တောင်ဘက်မုခ်ပေါက်အနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးသေဆုံးကာ စစ်...