CDM News

CDM News

မတရားစုဆောင်းခံရသူ စစ်မှုထမ်းတပ်သား အယောက် ၁၀၀ တွင် ၉၀ ခန့် ထွက်ပြေးချင်ကြဟု လက်နက်ခဲယမ်းနှင့်အလင်းဝင်လာသူ ခမရ ၅၅၈ တပ်ရင်းမှ စစ်မှုထမ်းတပ်သား ၂ ဦးက ဝန်ခံထွက်ဆို

 

သံလွင်မြန်မာသတင်း

မေလ ၃၀

 

မတရားစုဆောင်းခံရသူ စစ်မှုထမ်းတပ်သား အယောက် ၁၀၀ တွင် ၉၀ ခန့် ထွက်ပြေးချင်ကြဟု လက်နက်ခဲယမ်းနှင့်အလင်းဝင်လာသူ ခမရ ၅၅၈ တပ်ရင်းမှ စစ်မှုထမ်းတပ်သား ၂ ဦးက ဝန်ခံထွက် ဆိုထားကြောင်း ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားသည်။

 

မေလ ၂၉ ရက်နေ့တွင် တနင်္သာရီမြို့နယ်အခြေစိုက် ခမရ ၅၅၈ တပ်ရင်းတွင် တာဝန်ထမ်း ဆောင် နေသော ပေါ်တာဆွဲဖမ်းဆီးခံရသည့် စစ်မှုထမ်းတသ ရန်လင်းထွန်း ၊ တသ နေသူအောင်တို့သည် ဒေါနတပ်ရင်း၊ ဗျူဟာ ၃၃ နယ်မြေအတွင်းသို့ MA3 အမျိုးအစား သေနတ် ၁ လက် ၊ ကျည် ဘောက် ၁ ဘောက် ၊ ကျည် ၂၅ တောင့်တို့ဖြင့် အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အလင်းဝင်ရောက်လာသည့်တပ်သား ၂ ဦးသည် စစ်ကောင်စီ၏ အတင်းအဓမ္မတပ်သားစု ဆောင်းခံခဲ့ ကြရသူများဖြစ်ပြီး ဝဲဂလိအခြေစိုက် အမှတ် ၄ တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်း တကက ၄ တွင် စစ်မှုထမ်းသင်တန်း အပတ်စဥ် ၆ မှသင်တန်းဆင်းလာသူများ ဖြစ်ကြောင်း သိရသည်။

“စစ်တပ်၏အာဏာရှင်စနစ်ကို မကြိုက်လို့ CDM ဝင်ခဲ့တာပါ၊ ပစ အယောက် ၁၀၀ မှာ ၁၀ ယောက် လောက် သာ တပ်ထဲနေချင်သူရှိတယ်။ ကျန်တဲ့ အယောက် ၉၀ လောက်က ထွက်ပြေးချင်နေကြပါ တယ်၊ စစ်တပ်အထဲမှာ ထိန်းချုပ်မှုတွေ အလွန်များတယ်၊ အပြစ်ပေးစနစ်ကို ပိုပြီး တင်းကြပ်ထား တယ်၊ တပ်ထဲမှာလည်း လုံခြုံမှုနည်းလာတယ်၊ ထွက်ပြေးသွားကြသူများပြားလာလို့ ဗိုလ်မှူးတွေက ထွက်ပြေးတဲ့ကောင်ကို ဟိုဖက်က ထမင်း ၂ နပ်လောက်ပဲကျွေးပြီး စစ်ဆေးမေးမြန်းပြီးရင် လည်လှီး သတ်ကြလိမ့်မယ်လို့ ခြိမ်းခြောက်ထားတယ်လို့ ပြောပါတယ်။ ကျန်ရှိနေတဲ့စကစ တပ်သားတွေ အ နေ နဲ့ အဆက်အသွယ်ယူကြပြီး အမြန်ဆုံး CDM ဝင်ကြဖို့၊ အခုအလင်းဝင်တဲ့သူတွေကလည်း အာ ဏာရှင်စကစ စစ်တပ်ကို မကြိုက်လို့ ပြန်ပြီးတော်လှန်သွားမယ်လို့ ပြောဆိုထားပါတယ်” ဟု ဒေါန စစ်ကြောင်းထုတ်ပြန်ပြောဆိုထားသည်။

 

အလင်းဝင်ခဲ့သည့် တသ ရန်လင်းထွန်းသည် ၁၀ တန်းအောင်မြင်ထားသူဖြစ်ပြီး ညဘက် နေအိမ်မှ အပြင်သို့ ထွက်စဉ် အတင်းအဓမ္မဖမ်းဆီးခံရကာ စစ်သားအဖြစ် စုဆောင်းခံရသူဖြစ်ကြောင်း၊ အလား တူ တသနေသူအောင်သည်လည်း မွေးရပ်ဇာတိတွင် Taxi ဆွဲ၊ Passenger ပို့နေရင်း ည ၁၁ နာရီခန့် တွင် အတင်းအဓမ္မဖမ်းဆီးခံခဲ့သူဖြစ်ကြောင်း သိရသည်။

 

အလင်းဝင်ရောက်လာသူများကို ဗျူဟာ ၃၃ စစ်ဆင်ရေးမှူးမှ နွေးထွေးစွာကြိုဆိုခဲ့ပြီး ကျန်ရှိနေသော တပ်သားများအနေဖြင့်လည်း အလကား အသက် အသေမခံဘဲ ပြည်သူနှင့် အမြန်ဆုံးပူပေါင်းကြပါ ရန် အသိပေးတိုက်တွန်းထားသည်။

 

အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မတပ်သားစုဆောင်းခံရ သူများ အပါအဝင် ပြည်သူဘက်မှရပ်တည်လိုသောတပ်မတော်သားများနှင့်ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ၊ နီးစပ်ရာတော် လှန်ရေးတပ်ဖွဲ့များထံ ချိတ်ဆက်ကာ အလင်းဝင်ရောက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ်တွင် ငလျင်ဒဏ်သင့်အဆောက်အအုံဖြိုချရာက အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရ   သံလွင်မြန်မာသတင်း မေလ ၃၀   မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ၂၆ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ ငလျင်ဒဏ်သင့် အ ဆောက်အအုံတစ်လုံးကို ဖြိုချရာက အမျိုးသား...