CDM News

CDM News

စစ်ကောင်စီတပ်က အပတ်စဉ် ၉ စစ်မှုထမ်းတပ်သားများကို သင်တန်းဆင်းပြီးနောက် ရှေ့တန်းသို့ တခါတည်း ပို့ဆောင် (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မေလ ၂၇

 

အကြမ်းဖက်စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးကာ စစ်မှုထမ်းသင်တန်းပေးထားသည့် အပတ်စဉ် ၉ မှ တပ်သားများကို သင်တန်းဆင်းပြီးနောက် ရှေ့တန်းသို့ တခါတည်းပို့ဆောင်ခံလိုက်ရကြောင်း အာဠာဝက စစ်ကြောင်းထံမှ သိရသည်။

 

မေလ ၇ ရက်နေ့က မုန်းမြို့နယ် အခြေစိုက် အကြမ်းဖက်စစ်တပ် ခမရ ၅၉၉ မှ စစ်မှု ထမ်းတပ်သား ၃ ဦး သည် ရှေ့တန်းစစ်မြေပြင်တနေရာမှ ထွက်ပြေး လာကာ အာဠာဝကစစ်ကြောင်း (၇၈၀၃ တပ် ရင်း) သို့ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့အလင်းဝင်လာသော စစ်ကောင်စီတပ်သား ၃ ဦး ကို တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက တွေ့ဆုံစကား ပြောစဉ် စစ်မှုထမ်းတပ်သား ၃ ဦးက ၎င်းတို့ကို သင်တန်းဆင်းပြီးပြီးချင်း ရှေ့တန်းသို့ တခါတည်း တန်းပို့လိုက်ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားခြင်းဖြစ်သည်။

“သင်တန်းဆင်းတုန်းက ၃၄၀ ကျော်ရှိတယ်။ သင်တန်းသားရှိတာကတော့ ၃၆၀ ကျော်ပေါ့၊ ၂၀ ကျော် လောက်က ပြေးတာ၊ ကျနော်တို့လည်း မသိခဲ့ဘူး။ မင်းတို့တပ်ထဲထိအောင်သွားကြည့်ပါအုံး၊ တပ်ထဲ မှာ ဘယ်နေရတယ်၊ ဘယ်လိုထိုင်ရတယ်ဆိုပြီး စည်းရုံးတာ။ ပြီးတော့ သူတို့ထည့်တဲ့ ဆိုက်ဝါးက လည်း မင်းတို့ဟိုဘက်ကိုပြေးလို့ရှိရင် မိတဲ့သူတွေကို သတ်မယ်၊ ကျနော်တို့က ဒီဘက်ကို ပြေးလာ ရင် သတ်ပစ်ခံရမှာပေါ့၊ အဲလိုပြောတာ၊ အဲဒါကြောင့် တော်ရုံတန်ရုံနဲ့ မပြေးရဲကြဘူး။ ဒါပေမယ့် ပြေး တဲ့သူတွေတော့လွတ်ပါတယ်။ အဲဒီတုန်းက ၁၆ ယောက်ပြေးတာ။ သင်တန်းပြီးတော့ ဒီရှေ့တန်းကို တန်းရောက်လာတာ။ တပ်ရင်းတောင်မပြန်လိုက်ရဘူး။” ဟု အလင်းဝင်တပ်သားများက ထွက်ဆို ထားသည်။

 

၎င်းတို့ ၃ ဦးသည် စစ်မှုထမ်းမဲပေါက်၍ ဝင်ရောက်လာရခြင်းမျိုးမဟုတ်ပဲ နေအိမ်ပေါ်တက်ကာ ပေါ် တာဆွဲခံရခြင်းဖြစ်ကြောင်း၊ ပေါ်တာဆွဲခံရပြီးနောက် တောင်ငူမြို့ စစ်အခြေခံလေ့ကျင့်ရေးသင်တန်း ကျောင်းသို့ ပို့ဆောင်ကာ ၂ ပတ်သင်တန်းပေးပြီး ရှေ့တန်းပို့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

တောင်သာမြို့၊ မင်္ဂလာဦးဂိတ်နှင့်ဝန်ထမ်းအိမ်ယာအပါအဝင် စစ်တပ်စခန်း ၃ ခုကို စီးနင်းတိုက်ခိုက်မှု စစ်သား၊ ရဲ ၂ ဦးသေဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း မေလ ၂၉   မန္တလေးတိုင်း၊ တောင်သာမြို့ပေါ်ရှိ မင်္ဂလာဦးဂိတ်နှင့် ဝန်ထမ်းအိမ်ယာအပါအဝင် စစ်တပ်စခန်း ၃ ခု ကို ဝင်ရောက်စီးနင်းတိုက်...