CDM News

CDM News

ထားဝယ်မြို့အခြေစိုက် ခမရ ၄၀၁ တပ်ရင်းမှ စစ်သား ၁ ဦးလက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်

 

သံလွင်မြန်မာသတင်း

မေလ ၂၃

 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၀၁ တပ်ရင်းမှ စစ်သား ၁ ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့ – ပကဖ ထံမှ သိရသည်။

 

မေလ ၁၁ ရက်နေ့က ထာားဝယ်မြို့နယ်အခြစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၀၁ တပ်ရင်းမှ စစ်သားတစ်ဦးသည် ၎င်းကိုင်ဆောင်သော လက်နက်ခဲယမ်းများနှင့်အတလူ လောင်းလုံးမြို့နယ်ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်ကာ အလင်းဝင်ရောက်ခဲ့သဖြင့် နွေးထွေးစွာကြိုဆိုလက်ခံခဲ့ ကြောင်း သိရသည်။

 

ထိုသို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားကို လောင်း လုံးမြို့နယ် ပကဖ မှ ကနဦးအနေဖြင့် ဆုငွေကျပ် သိန်း ၃၀ ချီးမြှ့င်ပေးခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Jail News

Jail News

စစ်ကောင်စီ၏ စစ်ကြောရေစခန်းတွင် ညှင်းပန်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့် အင်းစိန် အကျဉ်းထောင်အတွင်း၌ ကျဆုံးသွားသော မဝတ်ရည်အောင်၏ ရုပ်အလောင်းကို ရေဝေးသုဿန်၌ ယနေ့ သင်္ဂြိုလ်မည်   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၂   အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးစခန်းတွင် ညှင်းပန်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့် အင်း စိန်အကျဉ်းထောင်၌ ကျဆုံးသွားသော နိုင်ငံရေး...