နတ်တလင်းမြို့နယ်၊ ပျဉ်ပုံပျူစောထီးရွာသို့ ရောက်ရှိနေသော စစ်တပ်စစ်ကြောင်းမှ စစ်မှုထမ်းတပ် သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်
သံလွင်မြန်မာသတင်း
မေလ ၂၃
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ပျဉ်ပုံပျူစောထီးရွာသို့ ရောက်ရှိနေသော စစ်တပ် စစ်ကြောင်းမှ စစ်မှု ထမ်းတပ်သား ၂ ဦးလက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း သာယာ ဝတီခရိုင်အမှတ် ၁ တပ်ရင်း ထံမှ သိရသည်။
မေလ ၁၉ ရက်နေ့က နတ်တလင်းမြို့နယ်၊ ပျဉ်ပုံပျူစောထီးကျေးရွာသို့ ရောက်ရှိနေသော အကြမ်း ဖက် စစ်တပ် စစ်ကြောင်းမှ စစ်မှုထမ်းတပ်သား နိုင်ဝေလင်းနှင့် တပ်သး ရာဇာမင်းတို့သည် MA 1 အ မျိုး အစား သေနတ် ၂ လက် လက်ပစ်ဗုံး ၁ လုံး စကားပြောစက် ၁ လုံး ၊ကျည်ဘောက် ၆ ဘောက်တို့ နှင့်အတူ ထွက်ပြေးလာပြီး သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း (P23801) ထံ ဆက်သွယ် ကာ အ လင်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အလင်းဝင်ရောက်လာသူ တပ်သား နိုင်ဝေလင်းနှင့် တပ်သားရာဇာမင်းတို့သည် ဧရာဝတီတိုင်း ရေ ကြည်မြို့နယ်နှင့်ကျုံပျော်မြို့နယ်တို့တွင် နေထိုင်ကြသူများဖြစ်ပြီး စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ ဖြင့် အ တင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီး ခေါ် ဆောင်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
စစ်မှုထမ်းသင်တန်းဆင်းပြီးနောက် တပ်တွင်း ကင်းနှင့်တပ်တွင်းသက်သာချောင်ချီ ရေး လုပ်ငန်းများ တွင်သာ တာဝန်ထမ်း ဆောင်ရကြောင်း၊ ယခုမှ နတ်တလင်း မြို့နယ် ပျဉ်ပုံရွာသို့ လှုပ်ရှားစစ်ကြောင်း နှင့်အတူ ရောက်ရှိလာပြီး ပြည်သူပိုင် နေအိမ်များအား မီးရှို့ဖျက်ဆီးခိုင်းခြင်း ပြည်သူများအား ဖမ်းဆီး နှိပ်စပ်ခိုင်းခြင်းများကြောင့် ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသော စစ်မှုထမ်းတပ်သား ၂ ဦကို သာယာဝတီ ခရိုင်အမှတ် အမှတ် ၁ တပ်ရင်းမှ ဆုငွေများချီးမြှ့င်ပေးခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးသည် တော်လှန်ရေး တပ်များနှင့်ပူးပေါင်း၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ပြန်လည်တိုက်ပွဲဝင်မည် ဖြစ်ကြောင်း အသိပေးထားသည်။
Thanlwin Myanmar Media