CDM News

CDM News

စစ်ကိုင်း၊ တပ်မ ၃၃ မှ တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာပြီး စစ်ကောင် စီ ပြန်တိုက်နေ

 

သံလွင်မြန်မာသတင်း

မေလ ၂၂

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ မှ တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာပြီး စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်နေကြောင်း မန္တလေးခရိုင်အမှတ် ၅ တပ် ရင်းထံမှ သိရသည်။

 

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက စစ်ကိုင်းမြို့အခြေစိုက်၊ တပ်မ ၃၃ လက်အောက်ခံ ၊ အမှတ် ၁၃ ခြေမြန်တပ်ရင်းမှ တပ်ကြပ်တစ်ဦးသည် မန္တလေးခရိုင်အမှတ် ၅ တပ်ရင်းသို့ ဆက်သွယ်ကာ MA3 အမျိုးအစားသေနတ် ၁ လက်၊ ၅.၅၆ ကျည် ၁၀၀ တောင့်၊ ကျည်ဘောက် ၄ ခု၊ အီကွေးမန့် ၁ စုံ တို့ဖြင့် အလင်းဝင်ခဲ့ကြောင်း သိရသည်။

ထိုသို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာခဲ့သဖြင့် မန္တလေးခရိုင်အမှတ် ၅ တပ်ရင်း မှ ဆုငွေကျပ်သိန်း ၅၀ ချီးမြှ့င်ခဲ့ရာ ဂုဏ်ပြုချီးမြှင့်ငွေအားလုံးကို လက်ခံမယူပဲ လိုအပ်သမျှသာယူ ဆောင်ပြီး ကျန်ငွေများအားလုံးကို တပ်ရင်း ရံပုံငွေအဖြစ် ပြန်လည်လှူဒါန်းကာ တပ်ရင်းမှ ရဲဘော် များနှင့်အတူ ရှေ့တန်းတိုက်ပွဲများတွင် ရွတ်ရွတ်ချွံချွံတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

 

“နယ်မြေလုံခြုံရေးအရ အခုမှ ထုတ်ပြန်လိုက်တာပါ၊ ဘယ်နေရာမှာရောက်နေတယ်၊ အလင်းဝင်ချင် ပါတယ်ဆိုပြီး ထောက်ပို့တပ်သား မရွှေဂျူးဆီဆက်သွယ်လာလို့ ကျနော်တို့တပ်ရင်းက ရဲဘော်တွေ ခက်ခက်ခဲခဲသွားပြီးခေါ်ထုတ်လာခဲ့ကြတာ၊ သူ့ကို ဘာလုပ်ချင်လဲမေးတော့ ကျနော်တို့တပ်ရင်းက ရဲ ဘော်တွေနဲ့အတူတူ စကစကို ပြန်တိုက်မယ်ဆိုလို့ တောင်းဆိုလို့ ခွင့်ပြုပေးလိုက်တာပါ၊ လက်ရှိ ရှေ့ တန်းတာဝန်တွေတွေကို ရွတ်ရွတ်ချွံချွံထမ်းဆောင်လျက်ရှိပါတယ်” ဟု မန္တလေးခရိုင် အမှတ် ၅ တပ် ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ ရုန်းထွက်၍ ပြည်သူ့လူထုဘက်ရပ်တည်ကာ ခိုင်မာသော ဆုံးဖြတ်ချက်၊ ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် တော်လှန်ရေးတာဝန်ထမ်းဆောင်နေသော တပ်ကြပ်ကို လေးစား ဂုဏ်ယူပါကြောင်း၊ စစ်ကောင်စီလက်အောက်၌ တာဝန်ထမ်းနေကြသော စစ်သား၊ ရဲ၊ အတင်းအဓမ္မ စစ်သားစုဆောင်းခံရသူများအနေဖြင့် မည်သည့်နေရာ၌ ရောက်ရှိနေပါစေ တော်လှန်ရေးတပ်ဖွဲ့များ ထံချိတ်ဆက်၍ ပူးပေါင်းကာ အလင်းဝင်ရောက်ကြရန် မန္တလေးခရိုင်အမှတ် ၅ တပ်ရင်းက တိုက် တွန်းထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာကို ဂျက်ဖိုက်တာ၊ ဒရုန်းတို့ဖြင့် ဗုံးကြဲချတိုက်ခိုက်မှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ   သံလွင်မြန်မာသတင်း မေလ ၂၂   ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ ၊ ဒရုန်းတို့ဖြင့်...