CDM News

CDM News

ဟားခါးမြို့တွင် တာဝန်ကျနေသော စစ်သား ၂ ဦးနှင့် ရဲ တစ်ဦးတို့ CDF Hakha ထံအလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

 

သံလွင်မြန်မာသတင်း

မေလ ၂၀

 

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် တာဝန်ကျနေသော စစ်သား ၂ ဦးနှင့် ရဲတစ်ဦးတို့သည် လက်နက်ခဲ ယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း Chinland Defense Force – Hakha ကထုတ်ပြန်သည်။

 

မေလ ၁၅ ရက်နေ့က ဟားခါးမြို့တွင် တာဝန်ကျနေသာ စစ်သား တစ်ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

ထို့အပြင် မေလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဟားခါးမြို့ပေါ်တွင် တာဝန်ကျနေသာ စစ်သား ၂ ဦး နှင့် ရဲ ၁ ဦးတို့သည် စစ်ကောင်စီကို ဆန့်ကျင်၍ ပြည်သူ့တော်လှန်ရေးကို ပူးပေါင်းပါဝင်ရန် ၎င်းတို့ ကိုင်ဆောင်သော လက်နက်ခဲယမ်းများနှင့်အတူ Chinland Defense Force – Hakha ထံသို့ အလင်း ဝင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသူတို့အား Chinland Defense Force – Hakha မှ နွေးနွေးထွေးထွေး ကြိုဆိုပြီး ငွေသားဆုကြေးများ ချီးမြှင့်သည့်အပြင် လုံခြုံသည့်နေရာရောက် သည်အထိ တာဝန်ယူဆောင်ရွက်ပေးထားကြောင်း သိရသည်။

 

စစ်ကောင်စီ လက်အောက်မှ ရုန်းထွက်၍ ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းချင်သူများကို အမြဲတမ်း ကြို ဆိုကြောင်းနှင့် လုံခြုံသည့်နေရာ ရောက်သည်အထိ တာဝန်ယူဆောင်ရက်ပေးမည်ဖြစ်ကြောင်း Chinland Defense Force – Hakha ကထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ၊ နေအိမ် ၇ လုံးပျက်စီး   သံလွင်မြန်မာသတင်း မေလ ၂၀   မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြာင်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ...