CDM News

CDM News

မိုင်းပွန်အခြေစိုက် ခမရ ၅၁၇ တပ်ရင်းမှ စစ်မှုထမ်းတပ်သား ၂ ဦး လွိုင်ကော် PDF ထံအလင်းဝင်

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၁

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပွန်မြို့နယ် အခြေစိုက် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ခမရ ၅၁၇ တပ်ရင်းမှ စစ်မှုထမ်းတပ်သား ၂ ဦး လက်နက်မဲ့အလင်းဝင်ခဲ့ကြောင်း လွိုင်ကော်မြို့နယ် ဒေသ ခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၁၉ ရက်နေ့က မိုင်းပွန်မြို့နယ် အခြေစိုက် ခမရ ၅၁၇ တပ်ရင်း မှ စစ်မှုထမ်းအပတ် စဉ် ၅ နှင့် အပတ်စဉ် ၆ သင်တန်းဆင်း မောင်သန်းစိုးဦးပါ ၂ ဦးသည် လွိုင်ကော်မြို့နယ် ဒေသခံ ပြည် သူ့ကာကွယ်ရေးတပ်ထံသို့ ဆက်သွယ်ကာ လက်နက်မပါ အလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

 

အကြမ်းဖက်စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့များ၏ခုခံ တိုက်ခိုက်မှုအတွင်း သေဆုံးသွား သော စစ်သားများ၏ နေရာကို အစားထိုးနိုင်ရန် ပြည်သူစစ်မူ့ထမ်း ဥပဒေ ထုတ်ပြန်ကာ လူငယ်များ ကို အတင်းအဓမ္မစာရင်းကောက်၍ ဖမ်းဆီးကာ စစ်ထဲထည့်သွင်းခြင်း၊ ရှောင်တစ်ခင် ဖမ်းဆီးကာ စစ်ထဲ ထည့်သွင်းခြင်းတို့ဖြင့် လူအင်အားစုဆောင်းလျက်ရှိပြီး သင်တန်းဆင်းပြီးနောက် ရှေ့တန်းသို့ တခါတည်းပို့လျက်ရှိကြောင်း သိရသည်။

ထို့သို့ ရှေ့တန်းသို့ ပို့ဆောင်ခံရသော စစ်မှုထမ်းတပ်သားများအနက် ထွက်ပြေးခိုလှုံလာသူများကို တော်လှန်ရေးတပ်ဖွဲ့များက နွေးထွေးစွာကြိုဆိုပြီး လုံခြုံ သောနေရာတွင် ကောင်းမွန်စွာ စောင့် ရှောက်ထားကာ ထွက်ပြေးလာသူတပ်သားများ၏ ဆန္ဒ အလျောက် လွတ်လပ်စွာ ရွေးချယ်မှုများ အတိုင်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပြည်သူစစ်မူထမ်းများ ၊ အရာရှိ စစ်သည် ရဲဘော် ၊အောက်ခြေ ရဲဘော်များ ၊ Non CDM ဝန်ထမ်း များအနေဖြင့် ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံးဝင်ရောက် ခိုလှုံ ပူးပေါင်းကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Yangon News

Yangon News

အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို လုံးဝ လက်ခံမည်မဟုတ်ပဲ အရှိန်မြှင့် တိုက်ခိုက်သွားမည်ဟု Operation Flame အဖွဲ့ထုတ်ပြန်   သံလွင်မြန်မာသတင်း ဇူလိုင်လ ၃၀   အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို လုံးဝ လက်ခံမည်မဟုတ်ပဲ အရှိန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သည့် Operation Flame အဖွဲ့ကထုတ်ပြန်သည်။  ...