CDM News

CDM News

ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်သား ၁ ဦးလက်နက်ခဲယမ်းများ ယူဆောင်ပြီး အလင်းဝင်

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၈

 

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်း -နတ်သံကွင်း လမ်းပေါ်ရှိ စစ်တပ်စခန်းမှ စစ်မှုထမ်း တပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်ပြီးအလင်းဝင်ခဲ့ကြောင်း ပဲခူးခရိုင်အမှတ် ၂ တပ်ရင်း ထံမှ သိရသည်။

 

ဧပြီလ ၁၅ ရက်နေ့က ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်း- နတ်သံကွင်း လမ်းပေါ်ရှိ စစ်ကောင်စီ စခန်းမှ စစ်ကောင်စီ တပ်သားသစ် ၁ ဦးသည် MA ၁ တစ်လက် ၊ ကျည်ဘောက် ၄ ခု ၊ 5.56 ကျည် ၉၆ တောင့် တို့ကို ယူဆောင်ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ပဲခူးခရိုင် ၊ အမှတ် ၂ တပ်ရင်း ၊ P2-3702 ထံသို့ ဆက်သွယ်ကာ အလင်းဝင်ခဲ့ကြောင်း သိရသည်။

ထို့သို့လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာသည့် စစ်ကောင်စီတပ်သားကို ဆုကြေးငွေများ ချီးမြှင့်ပြီး ဘေးကင်းသည့်နေရာသို့ ပို့ဆောင်ကာ ပြည့်သူရင်ခွင်နှင့် ချိတ်ဆက်၍ လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်လျက်ရှိ​ကြောင်း သတင်းထုတ်ပြန်ထားသည်။

 

စစ်ကောင်စီမှ အတင်းအဓမ္မ ခေါ်ဆောင်ခံခဲ့ရသူများအနေဖြင့် တော်လှန်ရေးတပ်ရင်း ၊ တပ်ဖွဲ့များကို အမြန်ဆုံးချိတ်ဆက်ပြီး အလင်းဝင်ကြပါရန်နှင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ ဘက် ပြောင်းအလင်းဝင်လာကြမည့်သူများကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလျက်ရှိကြောင်း အသိပေး တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
CDM News

CDM News

ထားဝယ်မြို့အခြေစိုက် ခမရ ၄၀၁ တပ်ရင်းမှ စစ်သား ၁ ဦးလက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်   သံလွင်မြန်မာသတင်း မေလ ၂၃   တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၀၁ တပ်ရင်းမှ စစ်သား ၁ ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်...