CDM News

CDM News

စစ်ကောင်စီတပ်သားများက လက်အောက်ခံ PNO တပ်သားများကို ပစ်သတ်ခြင်း၊ လက်မောင်းကို ဓားဖြင့် လှီးခြင်း၊ လောက်လေးခွဖြင့် ခေါင်းပစ်ခြင်း၊ ဝါးဆစ်ပိတ်ဖြင့် ရိုက်နှက်နှိပ်စက် (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၈

 

စစ်ကောင်စီတပ်သားများက လက်အောက်ခံ PNO တပ်သားများကို ပစ်သတ်ခြင်း၊ လက်မောင်းကို ဓားဖြင့် လှီးခြင်း၊ လောက်လေးခွဖြင့် ခေါင်းကို ပစ်ခြင်း၊ ဝါးဆစ်ပိတ်ဖြင့် ရိုက်နှက်နှိပ်စက်ခြင်းတို့ လုပ်ဆောင်လျက်ရှိ ကြောင်း ထွက်ပြေးလွတ်မြောက်လာသည့် PNO တပ်သားက ဝန်ခံထွက်ဆိုထား သည်။

 

၎င်းသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အလုပ်လုပ်ကိုင်နေစဉ် ချစ်သူမိန်းကလေးနှင့် သွား ရောက်တွေ့ဆုံပြီး ပြန်လာရာမှ စစ်သား၊ PNO ပြည်သူ့စစ်ဂိတ်များမှ ဖမ်းဆီးကာ အတင်းအဓမ္မ စစ်သားအဖြစ် စုဆောင်းခံရခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ စုဆောင်းခံရပြီးနောက် စစ်တပ်အတွင်းနေထိုင်စဉ် ရှေ့တန်းမတက်ချင်ဟု ငြင်းဆန်သည့် PNO ပြည်သူ့စစ်များကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ကြောင်း၊ အချို့PNO တပ်ဖွဲ့ဝင်များကို အမိန့်မနာခံ ဟု ဆိုကာ စစ်ကောင်စီတပ်က ဓားဖြင့်လက်မောင်းကိုလှီးခြင်း လောက်စာလုံးဖြင့် ခေါင်းကိုပစ်ခြင်း ဝါးဆစ်ပိတ်ဖြင့်ရိုက်ခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီ နှင့် PNOပြည်သူ့စစ်များက ကျေးရွာအတွင်းရှိ ပြည်သူများ၏ စည်းစိမ်ပစ္စည်း များကို ခိုးယူခြင်း ဓားပြတိုက်ခြင်းများပြုလုပ်ခဲ့ကြောင်း ဆက်လက်၍ ထွက်ဆိုထားသည်။

 

ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ၏ နှိပ်စက်မှုကို မခံနိုင်သဖြင့် ဧပြီလ ၇ ရက်နေ့က လက်နက်ဖြင့် အတူ ထွက်ပြေးလာကာ PNLA တပ်ဖွဲ့ထံ ခိုလှုံခဲ့ခြင်းဖြစ်ကြောင်း၊ထိုသို့ လက်နက်ဖြင့် ထွက်ပြေးလွတ်မြောက်လာသူကို PNLA မှ ဆုငွေများချီးမြှင့်ကာ သွားလို့ရာ နေ ရာသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။

 

အဆိုပါ လက်နက်ဖြင့် ထွက်ပြေးလွတ်မြောက်လာသည့် PNO တပ်သားကို PNLA တာဝန်ရှိသူတစ်ဦးက ပအိုဝ်းဘာသာ ဖြင့် မေးမြန်းထားခြင်းဖြစ်သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

တမူးမြို့နယ်၊ ပန်းသာကျေးရွာ၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်မှု ၂ ဦးသေဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း မေလ ၂၀   စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ပန်းသာကျေးရွာ၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက်တိုက် ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Zo Army...