CDM News

CDM News

ကျောက်တံခါးမြို့နယ်တွင် စစ်မှုထမ်းစစ်သား ၁ ဦး လက်နက်ခဲယမ်းများယူဆောင်ပြီး အလင်းဝင်

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၂

 

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် စစ်မှုထမ်း စစ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်ပြီး အလင်းဝင်ခဲ့ကြောင်း ပဲခရိုင်အမှတ် ၂ တပ်ရင်းထံမှ သိရသည်။

 

ဧပြီလ ၉ ရက်နေ့က ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်း- နတ်သံကွင်း လမ်းပေါ်ရှိ စစ်ကောင်စီစခန်း စစ်ကောင်စီ တပ်သားသစ် ၁ ဦးသည် MA1 အမျိုးအစား သေနတ် ၁ လက် ၊ ကျည်ဘောက် ၃ ခု ၊ 5.56 ကျည် ၁၀၅ တောင့် တို့ကို ယူဆောင်ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ပဲခူးခရိုင် ၊ အမှတ် ၂ တပ်ရင်း ၊ P2-3702 ထံသို့ အလင်းဝင်ခဲ့ကြောင်း သိရသည်။

ထိုသို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့သည့် စစ်ကောင်စီ၏ စစ်မှုထမ်းတပ်သားကို ပဲခူးခ ခရိုင် အမှတ် ၂ တပ်ရင်းမှ ငွေကျပ် ၁၀ သိန်းချီးမြှင့်ပြီး ဘေးကင်းသည့်နေရာသို့ ပို့ဆောင်ကာ ပြည့်သူ ရင်ခွင်နှင့် ချိတ်ဆက်၍ လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်လျက်ရှိ​ကြောင်း အသိပေးထားသည်။

 

စစ်ကောင်စီမှ  အတင်းအဓမ္မ ခေါ်ဆောင်ခံခဲ့ရသူများအနေဖြင့် တော်လှန်ရေးတပ်ရင်း ၊ တပ်ဖွဲ့များကို အမြန်ဆုံးချိတ်ဆက်ပြီး အလင်းဝင်ကြရန်၊ ကိုယ်တိုင်ရုန်းထွက်ချင်စိတ်၊ စွန့်လွှတ်စွန့်စားရဲသည့်သတ္တိ ရှိကြရန် ဆက်လက်တိုက်တွန်းထားသည်။

 

တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် အလင်းဝင်လာသူများကို နွေးထွေးစွာကြိုဆိုလျက်ရှိသည်ကို အလင်းဝင်ကြသူများက အကောင်းဆုံးသက်သေပြနေပါကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ပြည်သူလူထုကို ဦးတည်၍ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး

ဖားကန့်မြို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ပြည်သူလူထုကို ဦးတည်၍ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၄   ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့က ပြည်သူလူထုကို ဦးတည်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။ ယနေ့ ဩဂုတ်လ ၄ ရက်...