CDM News

CDM News

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်လက်အောက်မှ ဗိုလ်မှူး ၃ ဦးအပါအဝင် ၄၅ ဦး ပြည်သူ့ ရင်ခွင်ထံ အလင်းဝင်၊ အတင်းအဓမ္မစစ်သားစုဆောင်းခံရသူများအနေဖြင့် နီးစပ်ရာ တော်လှန်ရေး အဖွဲ့အစည်းများထံအလင်းဝင်ကြရန် တိုက်တွန်း

 

D Day News

ဇွန်လ ၁၁

 

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်လက်အောက်မှ ဗိုလ်မှူး ၃ ဦးအပါအဝင် စစ်သား၊ ရဲ ၄၅ ဦး ပြည်သူ့ရင်ခွင်ထံ အလင်းဝင်ရောက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

၂၀၂၄ ခုနှစ်၊ မေလ အတွင်း အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်လက်အောက်မှ ဗိုလ်မှူး ၃ ဦး ၊ ဗိုလ်ကြီး ၁ ဦး၊ ဗိုလ် ၁ ဦးနှင့် ဒုရဲအုပ် ၁ ဦးအပါအဝင် စစ်သား၊ ရဲ ၄၅ ဦးသည် အမျိုးသား ညီညွတ်ရေး အစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ပကဖများသို့ ဆက်သွယ်ကာ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြောင်း သိရသည်။

 

အဆိုပါ (၄၅) ဦးတွင် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ခိုလှုံ လာသူများလည်းရှိပြီး လက်နက်မျိုးစုံ ၂၄ လက်နှင့်ခဲယမ်း မီးကျောက်များ ရရှိခဲ့ကြောင်း၊ လက်နက်ယူ ဆောင်လာသူများကို အမျိုးသား ညီ ညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထား သည့် လက်နက်တန်ဖိုးအလိုက် ဂုဏ် ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အာဏာသိမ်း အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စု ဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ်တိုင်းရင်း သား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် တိုက် တွန်း NUG ၊ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်းလင်း (ခ) Kim Aris တို့ အွန်းလိုင်းဖြင့် တွေ့ဆုံ၊ ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံဖြစ်အောင် ဆက်လက် ကြိုးပမ်းသွားဖို့ သဘောတူ

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်းလင်း (ခ) Kim Aris တို့ အွန်းလိုင်းဖြင့် တွေ့ဆုံ၊ ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံဖြစ်အောင် ဆက်လက် ကြိုးပမ်းသွားဖို့ သဘောတူ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၆ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (ခ) Kim Aris နှင့် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ တွေ့ဆုံပြီး ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံဖြစ်လာစေ ရန် ကြိုုးပမ်းကြမည်ဟု သဘောတူညီခဲ့ကြောင်း သိရသည်။ မကြာသေးခင်ကာလက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏...