CDM News

CDM News

သေနတ် ၁ လက်၊ ခဲယမ်းများယူဆောင်ကာ အလင်းဝင်လာသည့် စစ်သားကို ဆုငွေ ကျပ်သိန်း ၆၀ ချီးမြှ့င်

 

သံလွင်မြန်မာသတင်း

မတ်လ ၅

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် သေနတ် ၁ လက်နှင့်ခဲယမ်းများယူဆောင်ပြီး အလင်းဝင်ခဲ့သည့် စစ်ကောင်စီတပ်သားကို ဆုငွေကျပ်သိန်း ၆၀ ချီးမြှင့်ခဲ့ကြောင်း တနင်္သာရီမြို့နယ်ပကဖထံမှ သိရသည်။

 

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့က တနင်္သာရီမြို့နယ်၊ ဇဝဲရွာ အခြေစိုက် ခမရ – ၅၅၆ ခြေမြန်တပ်ရင်းမှ တသ ဝေလင်းထွန်းသည် တနင်္သာရီမြို့တွင်း လုံခြုံရေးတာဝန်ကျနေစဉ် MA.2 အ မျိုး အစား (စက်ကလေး) သေနတ် ၁ လက်၊ ၅.၅၆ ကျည်အတောင့် ၂၀ ၊ ကျည်ဘောက် ၁ တို့နှင့် အ တူ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့ ထံ ဆက်သွယ်ကာ အလင်းဝင်ရောက်ခဲ့ ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်သားအား အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာနမှ ဂုဏ်ပြုဆု ငွေကျပ် သိန်း ၆၀ ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ) အနေနှင့် CDMအလင်းဝင်ရောက်လာသူ အ ကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းအမိန့် ကြေညာချက်များကြောင့် အတင်းအဓမ္မတပ်သား စုဆောင်းခံရ သူများအပါအဝင် ပြည်သူဘက်ရပ်တည်လိုသော တပ်မတော်သားများနှင့်ရဲတပ်ဖွဲ့ဝင်များကို လက် ကမ်းကြိုဆိုနေမည်ဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ တပ်သားများအနေဖြင့် နီးစပ်ရာတော်လှန် ရေးတပ်ဖွဲ့များထံသို့ ချိတ်ဆက်ကာ အလင်းဝင်ရောက်ကြရန် အသိပေးတိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KNU News

KNU News

သထုံမြို့နယ်၊ လယ်ဒို၊ ဆောထိမြို့တွင်စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် သတ်ဖြတ်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၄   ကေအဲန်ယူ−သထုံမြို့နယ်၊ လယ်ဒို မြို့နယ်နှင့် ဆောထိမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ...