သရက်ချောင်းမြို့နယ်၊ ခလရ ၄၀၃ တပ်ရင်းမှ စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့် အတူ အလင်းဝင်၊ ငွေကျပ် သိန်း ၄၀ စီဆုချီးမြှင့်

သရက်ချောင်းမြို့နယ်၊ ခလရ ၄၀၃ တပ်ရင်းမှ စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့် အတူ အလင်းဝင်၊ ငွေကျပ် သိန်း ၄၀ စီဆုချီးမြှင့်

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၅

 

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၄၀၃ တပ်ရင်းမှ စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း KNU- မြိတ် – ထား ဝယ်ခရိုင်၊ ပြည့်သူ့ဆက်ရေးနှင်သတင်းပြန်ကြာရေးဌာနက ထုတ်ပြန်သည်။

ဩဂုတ်လ ၄ ရက်နေ့က သရက်ချောင်းမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ တပ် ရင်း ၄၀၃ – ဝင်းဝတပ်စခန်းမှ စစ်ကောင်စီတပ်သား ၂ ဦးသည် MA-1 အမျိုးအစား သေနတ် ၁ လက်၊ MA-2 အမျိုးအစား သေနတ် ၁ လက်၊ ကျည်‌ဆံ ၄၀၀ ၊ ကျည်ဘောင် ၈ ဘောက်တို့နှင့်အတူ ကရင် အမျိုးသားလွတ်မြောက် ရေးတပ်တပ်မတော် K.N.L.A တပ်မဟာ – ၄ ၊ တပ်ရင်း ၁၂ ၊ တပ်ခွဲ ၂ ထံသို့ ဘက်ပြောင်းခိုလှုံခဲ့ကြောင်း သိရသည်။

အလင်းဝင်ရောက်ခဲ့သူတပ်သား ၂ ဦးသည် ၎င်းတို့ရှေ့မှ အလင်းဝင်ရောက်ခဲ့သူ တပ်သား မောင် ကျော်ကျော်၏ ချိတ်ဆက်ကူညီမှုဖြင့် အလင်းဝင်ရောက်ခဲ့ခြင်းကြောင်း၊  ယခုအလင်းဝင်ရောက်ခဲ့သူ များမှာ အသက် ၄၂ နှစ်အရွယ် တပ်သား မောင်မင်းစိုးနှင့် အသက် ၂၀ အရွယ် တပ်သား မောင်ဇော် ဇော်တို့ဖြစ်ကြောင်း သိရသည်။

ထိုသို့ လက်နက်ခဲယမ်းများနှင့်အတူ ဘက်ပြောင်းခိုလှုံလာသော စစ်ကောင်စီတပ်သား ၂ ဦးကို ကရင် အမျိုးသားလွတ်မြောက်ရးတပ်မတော် K.N.L.A တပ်ရင်း ၁၂ တပ်ရင်းမှူးဒုတိယဗိုလ်မှူးကြီးစောဒါး ဒါး မှ တစ်ဦးလျှင် ဂုဏ်ပြုဆုချီးမြှင့်ငွေကျပ် သိန်း ၄၀ စီပေးအပ်ဂုဏ်ပြုခဲ့ကြောင်း၊ ထို့အပြင် ၎င်းတပ် သား ၂ ဦး ဘက်ပြောင်းခိုလှုံနိုင်ရန် အတွက် ဆက်သွယ်ကူညီပေးခဲ့သော တပ်သား မောင်ကျော်ကျော် ကိုလည်း ဆုချီးငွေ သိန်း ၂၀ ကျပ်ပေးအပ်ခဲ့ကြောင်း သိရသည်။

‎ဓာတ်ပုံ- ကရင်အမျိုးသားလွတ်မြောက်‌ရေးတပ်မတော် K.N.L.A တပ်မဟာ -၄ ၊ တပ်ရင်း ၁၂ ၊ တပ်ခွဲ ၂ ထံသို့ ဘက်ပြောင်းခိုလှုံသည့် (စကစ) တပ်သား ၂ ဦး အားဂုဏ်ပြုကြိုဆိုလက်ခံစဉ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းမူမြို့နယ်၊ ဂွေးပင်တောစခန်းမှ ထွက်လာသော စစ်သားများကို အနီးကပ်ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

မြင်းမူမြို့နယ်၊ ဂွေးပင်တောစခန်းမှ ထွက်လာသော စစ်သားများကို အနီးကပ်ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၅ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်ရှိ ဂွေးပင်တောစခန်းမှ ကင်းပုန်းဝပ်ရန် ထွက် လာသော စစ်သားများကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်း -People's Defence Force -...