CDF Kanpetlet News

CDF Kanpetlet News

တော်လှန်ရေးကာလ ၃ နှစ်အတွင်း တိုက်ပွဲပေါင်း ၂၀၀ ကျော်ဆင်နွှဲနိုင်ခဲ့ဟု CDF -Kanpetlet ထုတ်ပြန် (ရုပ်သံ)

 

D Day News

မေလ ၁၄

 

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အခြေစိုက် Chin Defense Force – Kanpetlet အနေဖြင့် တော်လှန်ရေးကာလ ၃ နှစ်အတွင်း တိုက်ပွဲပေါင်း ၂၀၀ ကျော်ဆင်နွှဲနိုင်ခဲ့ပြီး ရဲဘော် ၂၈ ဦးကျဆုံးခဲ့ ရဟု မေလ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။

 

ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Kanpetlet) ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ(၅) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ ပြီး ကန်ပက်လက်မြို့တွင်းရှိ စစ်ကောင်စီတပ်ဖွဲ့အားစတင်တိုက်ခိုက်ခဲ့သည့်၂၀၂၁ ခုနှစ်၊ မေလ(၁၃) ရက် နေ့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF-Kanpetlet)၏ တော်လှန်ရေးနေ့အဖြစ်သတ်မှတ်ခဲ့ရာ မေလ ၁၃ ရက်နေ့တွင် (၃)နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

တော်လှန်ရေးကာလ(၃)နှစ်အတွင်း အာဏာရှင်စနစ်အလုံးစုံပျက်သုဉ်းရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး ခွင့်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ပေါ်ပေါက်ရေးတို့အတွက် အကြမ်းဖက်စစ် ကောင်စီ ကို ခုခံတိုက်ခိုက်ခဲ့ရာချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Kanpetlet) မှ စစ်သည်တော် (၂၈) ဦး တို့သည် မြင့်မြတ်စွာ အသက်ပေးခဲ့ရကြောင်း သိရသည်။

https://youtu.be/UR5qZynqktk

ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Kanpetlet) အနေဖြင့် တော်လှန်ရေးကာလ (၃)နှစ် အတွင်း အကြမ်း ဖက်စစ်ကောင်စီနှင့် တိုက်ပွဲပေါင်း (၂၀၀)ကျော် ဖြစ်ပွားခဲ့ပြီး ညီနောင်မဟာမိတ်တပ်များနှင့် ပူးပေါင်း ၍ စစ်ကောင်စီတပ်စခန်းတစ်ခုကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

 

ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Kanpetlet) သည် အကြမ်းဖက်စစ်အုပ်စုမှ ပြည်သူများ၏ အချုပ်အ ခြာအဏာကို အတင်းအဓမ္မသိမ်းယူပြီးနောက် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုပြုလုပ်ခြင်း (Civil Disobedience Movement) ၊ ငြိမ်းချမ်း စွာဆန္ဒထုတ်ဖော်ခြင်းများ ပြုလုပ်၍ စစ်အာဏာ ရှင် ကို ဆန့်ကျင်တော်လှန်ရာတွင် အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူလူထုအပေါ် လူမဆန်စွာပစ်ခတ်၊ သတ်ဖြတ်မှုများ ကျူးလွန်လာသောကြောင့် ပြည်သူလူထု၏ အသက်အိုးစည်းစိမ်ကို ကာကွယ်စောင့် ရှောက်ရန် ပြည်သူလူထုက မွေးဖွားပေးခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည်။

 

ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Kanpetlet) သည် ချင်းညီနောင်နှင့်တကွ နိုင်ငံရေး ရည်မှန်းချက် တူ ညီ သည့်အဖွဲ့များနှင့် တော်လှန်ရေးအောင်ပွဲရရှိသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ် ကြောင်း၊ တော်လှန်ရေးကာလ (၃) နှစ်အတွင်း ချင်းကာကွယ်ရေး တပ်ဖွဲ့ (CDF-Kanpetlet) ကို တစိုက်မတ်မတ် ထောက်ပို့ပေးကြသော ပြည်တွင်း ပြည်ပရှိ ထောက်ပို့အလှူရှင် မိဘပြည်သူများကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် တိုက်ပွဲများတွင် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ရင်း အသက်နှင့် ကိုယ်လက် အင်္ဂါ ပေးဆပ်သွားကြသောစစ်သည်တော်များ၏ စွန့်လွှတ်အနစ်နာခံမှုများကို လေးလေးနက်နက် အသိမှတ် ပြုပါကြောင်း ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်သံ)

မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၂ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၄ ၊ အမှတ် ၁၀ တပ်ရင်း - နွားထိုးကြီး...