Buthitaung News

Buthitaung News

ဘူးသီးတောင်မြို့ရှိ ဘာသာခြားနေအိမ် ၅၀၀၀ ကျော်ကို စစ်တပ်နှင့် မူဆလင်ပူးပေါင်းတပ်ဖွဲ့က မီးရှို့ဖျက်ဆီး (ရုပ်သံ)

 

D Day News

ဧပြီလ ၂၄

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ ဘာသာခြားနေအိမ် ၁၀၀၀ ကျော်ကို အကြမ်းဖက်စစ်တပ်က သင်တန်းပေးထားသည့် ARSA၊ ARA နှင့် RSO တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရခိုင့်တပ် တော် – AA က ထုတ်ပြန်ထားသည်။

 

ဘူသီးတောင်မြို့ပေါ်ရှိ ရခိုင်၊ ဟိန္ဒူနှင့် အခြားမူဆလင်မဟုတ်သူများ၏ နေအိမ်များကို အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ ဘင်္ဂလီမူဆလင်အကြမ်းဖက်အဖွဲ့များဖြစ်သည့် ARSA, ARA, RSO နှင့် မကြာမီအချိန်က စစ်ကောင်စီသင်တန်းပေးခဲ့သည့် မူဆလင် လက်နက် ကိုင် များက မီးရှိဖျက်စီးမှုကြောင့် နေအိမ် အမြောက်အများ ပျက်စီးခဲ့ရကြောင်း ရခိုင့်တပ်တော် – AA က ယနေ့ထုတ်ပြန်သည်။

 

ဧပြီလ ၁၂ ရက်နေ့က ဘူးသီးတောင်မြို့ပေါ်ရှိ နိုင်ငံတကာအဖွဲ့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF ရုံးအပါအဝင် အမှတ် (၃) ၊ အမှတ် (၄) ၊ အမှတ် (၅) ၊ အမှတ် (၇) စသည့် ရပ်ကွက်များက ဟိန္ဒူ ဘာသာကိုးကွယ်သူ နေအိမ်များ၊ ရခိုင်လူမျိုးနေအိမ်များ အပါအဝင် နေအိမ်အလုံးပေါင်း ၅၀၀၀ ခန့်ကို စစ်ကောင်စီက သင်တန်းပေးထားသည့် အကြမ်းဖက်မွတ်ဆလင်လက်နက်ကိုင်အချို့နှင့် ARSA၊ ARA နှင့် RSO တပ်ဖွဲ့ဝင်များပူးပေါင်းကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသတင်းရင်း မြစ်ထံက သိရသည်။

https://youtu.be/pQNZg4pRc0k

“ကျနော်တို့ သတင်းကြားသလောက် မီးရှို့ခံရတဲ့ နေအိမ် ၅၀၀၀ လောက်တောင် ရှိနေပြီလို့ သိရပါ တယ်။ MSF ရုံးလည်းပါတယ်။ ဟိန္ဒူဘာသာဝင်နေအိမ်တွေ၊ ရခိုင်တိုင်းရင်းသား နေအိမ်တွေပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ရုံးခန်းတွေ နေအိမ်တွေပါကြတယ်။ အကြမ်းဖက်အဖွဲ့တွေကို စစ် ကောင်စီက နောက်ကနေ ကြိုးကိုင်နေတယ်။ အားပေးအားမြှောက်လုပ်ပေးနေတယ် ” ဟု ဒေသနေ ပြည်သူတစ်ဦးက ပြောကြားသည်။

 

ရသေ့တောင်မြို့သိမ်းတိုက်ပွဲ ဖြစ်ပြီးနောက် ဘူးသီးတောင်၊ မောင်တောသို့ AA က ချီတက်လာရာ တိုက်ပွဲကိုရှောင်သည့်အနေဖြင့် ယင်းမြို့ရှိ ဒေသခံပြည်သူများမှာ ဘေးကင်းရာသို့ တိမ်းရှောင်နေချိန် တွင် စစ်ကောင်စီတပ်ဖွဲ့က ၎င်း၏လက်အောက်ခံ အကြမ်းဖက်အဖွဲ့များနှင့်ပူးပေါင်းကာ နေအိမ် များကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်သင်္ဘောအုပ်စုကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက် (ရုပ်သံ)

ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်သင်္ဘောအုပ်စုကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက် (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်နှင့်ကနီမြို့နယ်ကြားတွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်း လာသော စစ်သင်္ဘော အုပ်စုကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောကို ထိမှန်ခဲ့ကြောင်း မဟူရာကျား ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ဩဂုတ်လ ၁၉ ရက်နေ့က နံနက်ပိုင်းက ကလးဝမြို့နယ်မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း...