Budalin News

Budalin News

ဘုတလင်မြို့ပေါ်ရှိ အထကကျောင်း၊ ကိုယ်ပိုင်ကျောင်းနှင့် CB ဘဏ်တို့တွင်တပ်စွဲနေထိုင်သော စစ်သားများကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂၀ ဦးထက်မနည်းသေဆုံး

 

D Day News

ဇွန်လ ၂၈

 

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို တပြိုင် တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း  ဘုတလင်မြို့နယ် ရွေ့လျား စစ်ကြောင်း(Budalin Mobile Team-BMT) ထံမှ သိရသည်။

 

ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီ မိနစ် ၃၀ ခန့်မှ စ၍ ဘုတလင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော CB ဘဏ်၊ အထက ကျောင်းနှင့် မိုးကိုယ်ပိုင် အထက်တန်းကျောင်းရှိ စစ်ကောင်စီ တပ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး ညနေ ၅ နာရီ မိနစ် ၃၀ အချိန်တွင် ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း မိုးကိုယ်ပိုင်‌ကျောင်းရှိ အကြမ်းဖက်စစ်တပ်စခန်းကို ဝင်စီးနိုင်တော့မည့် အချိန်တွင် ကျည်ကုန်သဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုများ အတွင်း အကြမ်းဖက် စစ်သား ၂၀ ဦးထက်မနည်းသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဘုတလင်မြို့နယ် ရွေ့လျားစစ်ကြောင်း(Budalin Mobile Team-BMT) အပါအဝင် ADPRA PLA၊ BLDFI SAFI RSF၊ မုံရွာ ခရိုင် ရင်းအမှတ်၂ဝ -BOB၊ ရွှေဘိုခရိုင် ရင်းအမှတ် ၂၀ ၊ ရေဦး ပကဖ ဖီးနစ်တပ်ခွဲ၊ ရေဦး ပကဖ Galaxy Force၊ GZ တပ်ဖွဲ့ (တန်ဆည်)၊ ဝံသပါလတပ်ဖွဲ့ (ရေဦး)၊ ဘုတလင် ပကဖ နှင့် မဟာမိတ်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်‌ ရေးတပ်ဖွဲ့ဝင် ၄ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပုလောမြို့နယ် ၊ ထမင်းမစားကျေးရွာသို့ ပြန်လည်ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်မှုစစ်သား၊ ပျူ ၁၅ ဦးသေဆုံး

ပုလောမြို့နယ် ၊ ထမင်းမစားကျေးရွာသို့ ပြန်လည်ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်မှုစစ်သား၊ ပျူ ၁၅ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာသို့ ပြန်လည် စစ်ကြောင်းထိုးဝင်ရောက်လာ သော အကြမ်းဖက်စစ်သား၊ ပျူများကို တိုက်ခိုက်ခဲ့ရာ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ စက်တင်ဘာလ ၉ ရက်နေ့က ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာတပ်စခန်းကို ပြန်လည် ထိန်းချုပ် နိုင်ရေး...