Bago News

Bago News

ညောင်လေးပင် -မဒေါက်လမ်းပေါ်ရှိ စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး လက်နက် ၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၄

 

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင် -မဒေါက် ကားလမ်းမပေါ်ရှိ မလူးတဲစစ်တပ်ကာ ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး လက်နက် ၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း တောင်းပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲက ထုတ်ပြန်သည်။

 

ယနေ့ ဒီဇင်ဘာလ ၁၄ ရက် နံနက် ၃ နာရီ အချိန်က ညောင်လေးပင် – မဒေါက် ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ်၏ မလူးတဲ ကာကင်းဂိတ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး နံနက် ၄ နာရီအချိန်တွင် အပြီးသတ် သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ ကြောင်း သိရသည်။

ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားများ အသုံးပြုသော MA1 အမျိုးအစား သေနတ် ၃ လက်၊ G – 3 အမျိုးအစား သေနတ် ၂ လက်၊ တိုက်မိုင်း၊ နင်းမိုင်းများ၊ ခဲယမ်းများ နှင့် အခြား စစ်သုံး ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ် ဒေသခွဲ၊ အမှတ် ၃၇၀၃ တပ်ရင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

မင်းလှ မြို့နယ်၊ ရိုးမဖြတ်လမ်း ၄၈ ဖုတ်တက်ကြီးအနီး၌ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် မှု စစ်သား ၁၅ ဦးသေဆုံးပြီး ဓားစာခံပြည်သူ ၇ ဦးကိုလည်း ထွက်ပြေးလွတ်မြောက်   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၉   ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမထဲရှိ မြိုချောင်း...