Bago News

Bago News

ရေတာရှည်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းနှင့် တနေတစ်ညတိုက်ပွဲဖြစ်ပြီး စစ်သား များထိခိုက်သေဆုံးမှုများပြားကာ တပ်ဆုတ်ပြေး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၄

 

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ခြမ်း၊ ပိတောက်ကုန်းကျေးရွအနီးတွင် တနေ့တစ်ညတိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုများပြားကာ တပ်ဆုတ်ပြေးသွားကြောင်း စစ်တောင်းမြစ်ဝှမ်း -ရေတာ ရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့ထံမှ သိရသည်။

 

ဒီဇင်ဘာလ ၁၂ ရက် ညနေ ၃ နာရီခန့်က ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာ၌ အထိုင်ချတပ်စွဲထား သော အကြမ်း ဖက်စစ်သား အင်အား ၁၀၀ ခန့်သည် ပိတောက်ကုန်းကျေးရွာဘက်သို့ စစ် ကြောင်း ထိုလာခဲ့သဖြင့် အသင့်စောင့်ဆိုင်းနေသော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ မိုင်းဆွဲ လက်နက်ကြီး များဖြင့် လက်ဦးမှုရယူတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၉၀ ခန့်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်တပ်က အထိနာကာ ပြန်ဆုတ်သွားပြီးနောက် ညနေ ၆ နာရီ ခန့်တွင် ထပ်မံ စစ်ကြောင်းထိုးလာခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအပြီး အကြမ်းဖက်စစ်သားများက ပြန်လည် ဆုတ်ခွာခြင်းမပြု‌သဖြင့် ပိတောက်ကုန်း ကျေးရွာထဲတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် တစ်ညလုံး စစ်ဆိုင်ထားခဲ့ကြောင်း သိရသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှလည်း အကြမ်းဖက်စစ်သားများ နေရာယူထားသည့် နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၁၃ ရက် နံနက် ၃ နာရီခန့်တွင် ရှေ့ဆက် တိုးလာသော အကြမ်းဖက်စစ်သားများကို ပစ်ခတ်ရှင်းလင်းခဲ့ရာ အကြမ်းဖက်စစ်သားများ အထိ နာပြီး ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို စစ်တောင်းမြစ်ဝှမ်း ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့ နေပြည်တော် PDF စစ်ကြောင်း တပ်ရင်း ၉၀၁ ၊ တပ်ရင်း ၃၅၀၂ ကီးကူစစ်ကြောင်းနှင့် တော်ဝင်လျှပ်စီး (RTC) စစ် ကြောင်း တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အထိအခိုက်အကျဆုံးများစွာဖြင့် ရှေ့ဆက် မတိုးနိုင်ပဲ ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းကြောင့် ပတ်ဝန်း ကျင်ကျေးရွာမှ ပြည်သူများလည်း နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

 

လက်ရှိတွင် ထပ်မံ စစ်ကြောင်းထိုးလာနိုင်သည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ခုခံတိုက်ခိုက် နိုင်ရန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တပ်ဖြန့်နေရာယူထားပြီး အသင့်အနေအထားစောင့်ဆိုင်း နေသဖြင့် မိဘပြည်သူများအနေဖြင့်လည်း အထူးဂရုစိုက်နေထိုင်ပေးကြပါရန် စစ်တောင်းမြစ်ဝှမ်း – ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့က တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်တွင် မိုင်းရှင်း စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး   သံလွင်မြန်မာသတင်း ဩဂုတ်လ ၂   စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ် ဂွေးပင်တောကျေးရွာနှင့် နတ်ရေကန် ကျေး ရွာကြားတွင် မိုင်းရှင်းစစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ...