Bago News

Bago News

တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက် ဒုံးများ ဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီးအဆောက်အအုံတစ်လုံးပျက်စီး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၃

 

ပဲခူတိုင်း တောင်ငူမြို့အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တောင်ငူလေတပ်စခန်းတို့ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး အဆောက်အအုံ တစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ ထံမှသိရသည်။

 

ဒီဇင်ဘာလ ၁၁ ရက် ည ၁၁ နာရီခန့်က တောင်ငူမြို့၊ ကေတုမဏီမြို့သစ် အခြေစိုက် တောင်ပိုင်း တိုင်း စစ် ဌာနချုပ် (တပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ လုံး အောင်မြင်စွာ ကျရောက်ပေါက်ကွဲမှုရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက် သေ ဆုံးပျက်စီးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရ သည်။

အလားတူ ဒီဇင်ဘာလ ၁၁ ရက် ည ၁၁ နာရီက တောင်ငူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ကေတုမဏီလေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ လုံး အောင်မြင်စွာ ကျရောက်ပေါက်ကွဲပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရရှိပြီး အဆောက်အအုံတစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

“တောင်ငူ လေတပ်စခန်း ရဲ့ အရာရှိလိုင်းခန်း ထိတယ်လို့ ကြားသိရပါတယ်။ စစ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးတယ်။ သေဆုံးသူ တွေကိုလဲ နေ့ချင်း သဂြိုလ်ပါတယ်။ ၉ ဦး ဒဏ်ရာရ ပြီး အဲဒီ ၉ ဦး ထဲ၂ ဦး စိုးရိမ်ရပါတယ်။အဆောက်အဦး တစ်လုံး (ဘားတိုက်) ပျက်စီးပါတယ်။ ကား တစ်စီး ပျက်စီး ပါ တယ်။ တပခ အပျက်အစီး သတင်းမရသေးပါဘူး။ ကျွန်ုပ်တို့ BWM အဖွဲ့ ဟာမစ်ရှင် တစ်ခု ပြီး သွားတိုင်းအဲဒီ မစ်ရှင်တွေမှာ လိုအပ်ချက်ရှိတာတွေကို ပြန်လည်သုံးသပ်ပြီး နောက်ထပ် မစ်ရှင်တွေ အတွက် ပိုမိုထိရောက်အောင်ပြင်ဆင်ရင်းနဲ့ တော်လှန်ရေး အရွေ့ဖြစ်အောင် ရှေ့ဆက်နေတာမို့ ကျွန်ုပ် တို့ BWM နှင့် မဟာမိတ် အဖွဲ့တွေ ရှေ့ဆက် ပိုမိုကြိုးစားသွားမှာ ဖြစ်ကြောင်း ပြည်သူလူထု ကို အသိပေးကြေငြာအပ်ပါတယ်။” ဟု BMW အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) ၊ Anti-Coup People’s Liberation Force (ACPLF) နှင့် သံတောင်မြောက်ပိုင်း အထူးဒေသ အဖွဲ့ တို့ပူးပေါင်းကာတ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြိုင်မြို့အနီးရှိ ကာကင်းစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်၊ စစ်သား ၁ ဦးသေဆုံးကာ ၃ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိ

မြိုင်မြို့အနီးရှိ ကာကင်းစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်၊ စစ်သား ၁ ဦးသေဆုံးကာ ၃ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၀ မကွေးတိုင်း၊ မြိုင်မြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၃ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း ပေါက်မြို့နယ် ပြည် သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။ ယနေ့ ဩဂုတ် ၁၀ ရက် နံနက် ၅ နာရီခန့်က...