Bago News

Bago News

ဇီးကုန်းမြို့နယ်တွင် ပေါ်တာဆွဲရန်ထွက်လာတဲ့ထွက်လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၂

 

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်တွင် ပေါ်တာဆွဲရန် ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့တယ်လို့  သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရ ပါတယ်။

 

မနေ့က ဒီဇင်ဘာလ ၁၁ ရက်နေ့ ဇီကုန်းမြို့နယ်၊ မီးကောက်အုပ်စု၊ ဒိုနွယ်ရွာနေ လူငယ်တွေကို ပေါ် တာဆွဲရန် ဆိုင်ကယ်တွေနဲ့ထွက်လာတဲ့ အကြမ်းဖက်စစ်သား၊ ပျူစောထီးတွေကို ရှေ့ထွက်မိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာပါ။

မိုင်းခွဲတိုက်ခိုက်ပြီးနောက် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဆက်ဖြစ်ကာ အကြမ်းဖက်စစ်သား၊ ပျူ ၁ ဦး နေရာမှာပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

 

ဒါ့အပြင် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိ ၄ ဦးအနက် ဆေးရုံအရောက် ၂ ဦးထပ်မံသေဆုံးကာ ကျန် ၂ ဦးမှာ အပြင်းအထန်ဒဏ်ရာ ဆက်လက်ဆေးကုသနေတယ်လို့ ဆိုပါတယ်။

 

အဲဒီတိုက်ခိုက်မှုကို တပ်ရင်း ၃၈၀၁ တပ်ခွဲ ၃ နတ်စစ်သည်တပ်ဖွဲ့နဲ့ BTZM GBK PDF ပဲခူးရိုးမ အခြေ ပြုတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဆီဆိုင်မြို့နယ်၊ ကင်ထိုင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား၊ PNO ပြည်သူ့စစ် ၂၀ ခန့် သေဆုံး ပြီး ၁ ဦးအရှင်ဖမ်းမိ

ဆီဆိုင်မြို့နယ်၊ ကင်ထိုင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား၊ PNO ပြည်သူ့စစ် ၂၀ ခန့် သေဆုံး ပြီး ၁ ဦးအရှင်ဖမ်းမိ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ကင်တိုင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၊ PNO ပြည်သူ့စစ် ၂၀ ဦးခန့်သေဆုံးကာ ၁ ဦးအရှင်ဖမ်းမိခဲ့ကြောင်း အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင် က ထုတ်ပြန်သည်။ ဩဂုတ်လ ၆ ရက်နေ့မှစပြီး ဆီဆိုင်မြို့နယ်၊...