Bago News

Bago News

တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက် ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၂

 

ပဲခူတိုင်း တောင်ငူမြို့အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တောင်ငူလေတပ်စခန်းတို့ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေ ဆုံးမှုရှိကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ ထံမှသိရသည်။

 

ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက် ည ၁၁ နာရီခန့်က တောင်ငူမြို့၊ ကေတုမဏီမြို့သစ် အခြေစိုက် တောင်ပိုင်းတိုင်း စစ် ဌာနချုပ် (တပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ လုံးအောင်မြင်စွာ ကျရောက်ပေါက်ကွဲမှုရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက် သေ ဆုံးမှုရှိကြောင်း သိရ သည်။

အကြမ်းဖက် စစ်ကောင်စီ၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) သည် ပဲခူးတိုင်းဒေသကြီး၊ ကရင် ပြည်နယ် မြောက်ဘက်ခြမ်း ဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများရှိ တော်လှန်ရေး အင်အားစုများနှင့် အပြစ်မယ့်ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်နေကြသည့် အကြမ်းဖက် စစ် သားများကို အဓိက အမိန့်ပေးကွပ်ကဲနေသည့် တိုင်းစစ်ဌာနချုပ်ဖြစ်သဖြင့် တော်လှန်ရေးအရွေ့တစ် ခုဖြစ်ပေါ်စေရန် ရည်ရွယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

စစ်ကောင်စီ၏တိုင်းစစ်ဌာနချုပ်များသည် သက်ဆိုင်ရာဒေသအသီးသီးရှိနယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့ များကို အဓိက ကြိုးကိုင် ကွပ်ကဲနေသော ပင်မစစ်ဗဟိုချက်နေရာကြီးများဖြစ်သည့်အတွက် တိုင်းစစ် ဌာနချုပ်များကို တိုက်ရိုက်တိုက်ခိုက်ခြင်းဖြင့် ထိုပင်မစစ်ဌာနချုပ်နှင့်အတူ ထိုဌာနချုပ်၏ COC အောက်၌ရှိသော တပ်များလဲ အင်အားချည့်နဲ့ စေရန်ရည်ရွယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

 

ထို့အပြင် တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက် ည ၁၁ နာရီက တောင်ငူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ကေတုမဏီလေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ လုံး အောင်မြင်စွာ ကျရောက်ပေါက်ကွဲပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) ၊ Anti-Coup People’s Liberation Force (ACPLF) နှင့် သံတောင်မြောက်ပိုင်း အထူးဒေသ အဖွဲ့ တို့ပူးပေါင်းကာတ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 

ထိုသို့ အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်စခန်းကို တိုက်ခိုက်ရခြင်းမှာ နိုင်ငံတဝန်းလေကြောင်းကို အစွမ်းကုန်အသုံးပြု၍ တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့်ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေ သောကြောင့် လေတပ်ပြိုလဲရေးလုပ်ငန်းစဉ်၏ မစ်ရှင်တစ်ခုအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းမူမြို့နယ်၊ စစ်ကိုင်း-မုံရွာလမ်းပေါ်တွင် ကင်းပုန်းဝပ်ရန်ထွက်လာသော စစ်သားများကို တိုက်ခိုက် မှု စစ်သား ၃ ဦး သေဆုံးပြီး လက်နက် ၃ လက်သိမ်းဆည်းရရှိ

မြင်းမူမြို့နယ်၊ စစ်ကိုင်း-မုံရွာလမ်းပေါ်တွင် ကင်းပုန်းဝပ်ရန်ထွက်လာသော စစ်သားများကို တိုက်ခိုက် မှု စစ်သား ၃ ဦး သေဆုံးပြီး လက်နက် ၃ လက်သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၇ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ စစ်ကိုင်း-မုံရွာလမ်းမပေါ်တွင် ကင်းပုန်းဝပ်ရန် ထွက်လာသော စစ်သား များကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ဗိုလ် တိုက် ဂါးတပ်ဖွဲ့ထံမှ သိရသည်။ ဩဂုတ်လ ၁၄ ရက်နံနက် ၅...