Bago News

Bago News

နတ်တလင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၅

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင် နတ်တလင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Phoenix DF တပ်ဖွဲ့က ပြောပါတယ်။

 

ဒီဇင်ဘာလ ၃ ရက် ညနေ ၄ နာရီ ၄၀ မိနစ်အချိန်က ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ စမ်းကြီးရွာ ကနေ အင်အား ၄၄ ဦးနဲ့ ထွက်ခွာလာ‌တဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ၊ တောင်ကျစမ်းအထက် ပြောင်‌တောင်ခြေရင်း အရောက်မှာ ပဒေသာမိုင်း ၂ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်သား ၂ ဦးသေဆုံးကာ ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိပြီး ထမ်းစင်တွေနဲ့ ထမ်းကာ လာရာလမ်းအတိုင်း ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

 

“ပေါင်းတည်မြို့ပေါ်ကနေ ထွက်လာတဲ့ စစ်သား ၂၀ လောက်က နတ်တလင်းမြို့နယ်၊ ပန်တင်းပင် ကျေးရွာကို ရောက်နေတာ၊ အဲဒီစစ်သားတွေကို ကွင်းကျယ်အထိုင်စခန်းက စစ်သား ၂၄ ဦးက သွား ကြိုတယ်၊ စမ်းကြီးကျေးရွာမှာ ဆုံပြီး ကွင်းကျယ်အထိုင်စခန်းဘက်ကို ပြန်လာတဲ့အချိန် လမ်းက ဖြတ်ပြီးမိုင်းဆွဲခဲ့တာ၊ မိုင်းဆွဲပြီးတော့ လာရာလမ်းအတိုင်းထမ်းစင်တွေနဲ့ပြန်ဆုတ်သွားတယ်၊ အခုက မြို့ပေါ်လည်းမရောက်သေးဘူး။ လမ်းမှာပဲ ဆေးကုသနေတယ်လို့ သိရတယ်။ သေဆုံးမှုကတော့ ထုတ်ပြန်ချက်ထဲကတိုင်းပါပဲ၊ ထပ်တိုးသတင်းတော့မရသေးဘူး” ဟု နတ်တလင်းမြို့နယ်ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ – Phoenix DF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။

 

အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မ‌တော်၊ တောင်ပိုင်းတိုင်းစစ်‌‌ဒေသ၊ စစ်ဒေသခွဲ ၂ ၊ ပဲခူးတိုင်းစစ်ဌာန၊ သာယာဝတီခရိုင်၊ အမှတ် ၁ တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၂ Phoenix DF ရဲဘော်တွေက တိုက်ခိုက်ခဲ့တာပါ။

 

နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Phoenix DF အနေနဲ့ စ‌စ်သား၊ ရဲ၊ ပျူစောထီး တွေ နဲ့ အကြမ်းဖက်စစ်ကောင်စီ ဒေါက်တိုင်တွေကို အခါအခွင့်သင့်လျှင် သင့်သလို တိုက်ခိုက်သွားမှာဖြစ် တယ်လို့ ပြောဆိုထားပါတယ်။

 

ဒါ့ကြောင့် မိဘပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီး၊ ဒေါက်တိုင်တွေ အနီး သွား လာနေထိုင်တာတွေ မပြုကြဖို့  ထပ်မံတိုက်တွန်းထားပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၁၄ ရပ်ကွက်အုပ်ချုပ်ရေးတွင် ရွေးကောက်ပွဲအတွက် အ စည်းအဝေးပြုလုပ်သည့် စစ်သား၊ ရဲ ၊ ပျူနှင့် အုပ်ချုပ်ရေးမှူးအပေါင်းပါများကို မိုင်းခွဲတိုက်ခိုက်မှု ၃ ဦး မီးလောင်းဒဏ်ရာ အပြင်းအထန်ရ

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၁၄ ရပ်ကွက်အုပ်ချုပ်ရေးတွင် ရွေးကောက်ပွဲအတွက် အ စည်းအဝေးပြုလုပ်သည့် စစ်သား၊ ရဲ ၊ ပျူနှင့် အုပ်ချုပ်ရေးမှူးအပေါင်းပါများကို မိုင်းခွဲတိုက်ခိုက်မှု ၃ ဦး မီးလောင်းဒဏ်ရာ အပြင်းအထန်ရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၅ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရွေးကောက်ပွဲအတွက် အစည်းအဝေးပြုလုပ်နေသည့် စစ်သား၊ ရဲ၊ ပျူနှင့်အုပ်ချုပ်ရေးမှူးအပေါင်းပါများကို မိုင်းခွဲတိုက်ခိုက်ခဲ့ ရာ ၃ ဦး မီးလောင်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း‌ မြောက်ဥက္ကလာပမြို့နယ် မြို့နယ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ...