Bago News

Bago News

ဇီးကုန်းမြို့နယ်တွင် စစ်တပ်အတွက်အလုပ်လုပ်ပေးနေသူ ပျူတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၂၇

 

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ရွာတွင် အကြမ်းဖက် စစ်တပ်အတွက်အလုပ်လုပ်ပေးနေသူ ပျူ တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရ ပါတယ်။

 

မနေ့က (နိုဝင်ဘာလ ၂၆ ရက်) မနက် ၆ နာရီဝန်းကျင်မှာ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ရွာမှာ နေထိုင် တဲ့ ပျူအဖွဲ့ဝင် ကျော်လွင်ဦးကို BTZM GBK PDF ပဲခူးရိုးမ အခြေပြုတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော် တွေက သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာမှာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

သေဆုံးသွားသော ပျူအဖွဲ့ဝင် ကျော်လွင်ဦးဟာ ဘော်ဘင်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ် ကောင်စီ တပ်သားတွေကို လမ်းပြအဖြစ်လုပ်ဆောင်ပေးတာ၊ ကျေးရွာနေပြည်သူတွေကိုလည်း PDF နဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲဖမ်းဆီးခိုင်း၊ ငွေညစ်တောင်းခံတာတွေ လုပ်ဆောင်နေတဲ့ အခုလို ပစ် ခတ်ရှင်းလင်းခဲ့ရတာလို့ သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

 

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ် အပါအဝင် အခြားမြို့နယ်တွေက စစ်တပ် ဒေါက်တိုင် အုပ်ချုပ်ရေးမှူးတွေ၊ ပျူတွေအနေနဲ့ ပြည်သူလူထုကို ဖိနှိပ်ခြင်းမပြုဖို့၊ စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းတာတွေ မလုပ်ဖို့နဲ့ စစ်တပ်အတွက် သတင်းပေး မလုပ်ဖို့ တရားဝင် သတိပေးထားသလို မလိုက်နာသူတွေကို လည်း ဆက်လက်အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Than Lwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာရှိ စာသင်ကြားနေသော နေအိမ်ကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၁၀ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာရှိ စာသင်ကြားနေသော နေအိမ်ကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၁၀ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၇ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာ၌ ကလေးငယ်များ စာသင်ကြားနေသည့် နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၁၀ နှစ် အရွယ်ကလေးတစ်ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး တပ်ဖွဲ့ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ ၇...