Bago News

Bago News

စစ်မှုထမ်းထောက်ပံ့ကြေးမပေးနေအိမ်များအား မီးရှို့မည်ဟု ခြိမ်းခြောက်နေသော ညောင်ကုန်းအုပ်စု အုပ်ချုပ်ရေးမှူး အာကြီး(ခ)ခင်ထွန်းလွင် ပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

နိုဝင်ဘာလ ၁၉

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် စစ်မှုထမ်းထောက်ပံ့ကြေးမပေးသည့် နေအိမ်များ အား မီးရှို့မည်ဟု ခြိမ်းခြောက်တောင်းခံနေသော ညောင်းကုန်းအုပ်စု အုပ်ချုပ်ရေးမှူး အာကြီး(ခ) ခင်ထွန်းလွင် ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ထံမှ သိရ သည်။

 

ယနေ့ နိုဝင်ဘာလ ၁၉ ရက် နံနက် ၈ နာရီ ၁၀ မိနစ်အချိန်က မင်းလှမြို့သို့ ဆိုင်ကယ်ထွက်လာသော ညောင်ကုန်းအုပ်စု အုပ်ချုပ်ရေးမှူး တာဝန်ယူထားသည့် ဖြူကွင်းကျေးရွာနေ အာကြီး(ခ) ခင်ထွန်း လွင်ကို ချောင်းနားရွာ တောင်ဘက်ထိပ်အရောက် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ၊ တပ်ခွဲ ၃ နှင့် မင်းလှမြိုနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ ရဲဘော်များ ပူးပေါင်း၍ ဦးခေါင်းတည့်တည့်အား သေ နတ်ဖြင့် ၁ ချက် ပစ်ခတ်ခဲ့ရာ နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူးအာကြီး (ခ) ခင်ထွန်းလွင်ထံမှ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ငွေသား ၄၀၀၀၀၀ ကျပ်၊ ဘေးလွယ်အိတ် ၁ လုံး နှင့် ဆိုင်ကယ် ၁ စီး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

 

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး အာကြီး(ခ)ခင်ထွန်းလွင်သည် လူငယ်များအား စစ်မှုထမ်းရန် ခြိမ်း ခြောက်ဖိအားပေး လူစုခြင်း၊ စစ်မှုထမ်းထောက်ပံ့ကြေးမပေးသည့် နေအိမ်များအား စစ်တပ်ခေါ်ဖမ်း ခိုင်းခြင်းနှင့် မီးရှို့မည်ဟု ခြိမ်းခြောက်ခြင်း၊ ပြည်သူများထံမှ မတရားသဖြင့် ငွေကြေးကောက်ခံခြင်း များ လုပ်ဆောင်နေသောကြောင့် ယခုလို အရေးယူရခြင်းဖြစ်ကြောင်း အသိပေးထားသည်။

 

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ အနေဖြင့် လူငယ်များအား စစ်မှုထမ်းရန် အတင်းအကြပ် လူစုနေ သူများ၊ ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေသူများအား ပြင်းပြင်းထန်ထန် အရေး ယူသွားမည်ဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
PNLA News

PNLA News

ဆီဆိုင်မြို့နယ်၊ တပူးထိုကျေးရွာအတွင်းဝင်ရောက်တပ်စွဲသည့် PNO ပြည်သူ့စစ်များက ပြည်သူ့နေ အိမ် ၆ လုံးကို မီးရှို့ဖျက်ဆီး၊ပအိုဝ်း ပြည်သူ ၆၀၀၀ ကျော်ကျေးရွာအတွင်းမှ မောင်းထုတ်ခံထားရ သဖြင့် ပြည်တွင်းပြည်ပရှိ မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန်မေတ္တာရပ်ခံ   သံလွင်မြန်မာသတင်း ဇွန်လ ၁၆   ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊...