Bago News

Bago News

ပေါက်ခေါင်းမြို့နယ်၊ ပေါ်လံကြီးရွာနေ ပျူစောထီး အောင်ဌေး ပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

နိုဝင်ဘာလ ၁၉

 

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ညောင်ဝန်းအုပ်စု၊ ပေါ်လံကြီးကျေးရွာနေ ပျူစောထီး ဌေး အောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် သေဆုံးသွားကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (PPDF ၃၆၀၁ တပ်ရင်း) ထံမှ သိရသည်။

 

နိုဝင်ဘာလ ၁၇ ရက် ညနေ ၃ နာရီခွဲခန့်က ပေါက်ခေါင်းမြို့နယ် ညောင်ဝန်းအုပ်စု ပေါ်လံကြီး ကျေး ရွာနေ ပျူစောထီး အောင်ဌေးအား ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်း တပ်ခွဲ ၄ နှင့် ၃၆ဝ၂ တပ်ရင်း တပ်ခွဲ ၃တို့ ပူးပေါင်းပြီး ၎င်း၏နေအိမ်သို့ သွားရောက်ပစ်ခတ်ရှင်းလင်းရာ ဝမ်း ဗိုက်ထိမှန်ပြီး နေရာမှာပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူ ပျူစောထီးအောင်ဌေးသည် ချင်းလည်စစ်ဆေးရေးဂိတ်တွင် အကြမ်းဖက်စစ်သားများ နှင့် အတူ ဒေသနေပြည်သူများ ဝယ်ယူလာသောကုန်ပစ္စည်းများကို မထင်ရင်မထင်သလို ဆဲဆို ရမ်းကားစွာ စစ်ဆေးခြင်း၊ အကြမ်းဖက်စစ်ကောင်စီ အတွက်စစ်မှုထမ်းစုဆောင်းပေးခြင်း၊ တော် လှန်ရေးထောက်ပို့များ၏ သတင်း အချက်အလက်များကို စစ်ကောင်စီထံပေးပို့နေခြင်းတို့ လုပ် ဆောင်နေသောကြောင့် ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း အသိပေးထားသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များ၊ ရဲများ၊ အုပ်ချုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများကို အခါအခွင့်သင့်လျှင်သင့်သလိုပြတ်သားစွာ အရေး ယူဆောင်ရွက်နေပြီဖြစ်ပါသောကြောင့် မိဘပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ ဝင်များကို သတင်းပေးခြင်း၊ လမ်းပြလိုက်ခြင်း၊ ၎င်းတို့နှင့်အတူတကွနေထိုင် ခြင်း မပြုလုပ်ကြပါရန် နှင့် စစ်သား၊ ရဲ၊ ပျူစောထီး၊ အုပ်ချုပ်ရေးမှူးများ ရှိရာ နေရာများကို ရှောင်တိမ်းသွားလာ ကြပါရန် အသိပေးထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲနေသော စစ်သားများကို တိုက်ခိုက်၊ ဘုန်းကြီးကျောင်းရေစက်ချအလှူပြုလုပ်နေစဉ် ဘုန်ကြီးကျောင်းသား ၄ ဦး ပေါ်တာဆွဲခံရ

ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲနေသော စစ်သားများကို တိုက်ခိုက်၊ ဘုန်းကြီးကျောင်းရေစက်ချအလှူပြုလုပ်နေစဉ် ဘုန်ကြီးကျောင်းသား ၄ ဦး ပေါ်တာဆွဲခံရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၅ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲ ဖမ်းဆီးနေသော စစ် သားများကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မကွေးတိုင်း၊ ပကဖက ထုတ်ပြန်သည်။ စက်တင်ဘာလ ၁၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်က ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာ...