Bago News

Bago News

ရေတာရှည်မြို့နယ်၊ ဒိုးတန်းကျေးရွာ၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး မိုင်းမတော်တဆဖြစ်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး အပြင်းအထန်ဒဏ်ရာရ

 

D Day News

အောက်တိုဘာလ ၂၁

 

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဒိုးတန်းကျေးရွာ၌ တပ်စွဲထးသော အကြမ်းဖက်စစ်သားများကို ဝင် ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ပုဝါနီစစ်ကြောင်းထံမှ သိရသည်။

 

အောက်တိုဘာလ ၁၉ ရက် နံနက် ၅ နာရီခန့်က ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အနောက်ဘက် ကမ်းရှိ ဒိုးတန်းကျေးရွာ၌ အင်အား ၅၀ ခန့်ဖြင့် အထိုင်ချတပ်ဆွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်း ဖက် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အတိအကျသိရှိရခြင်း မရှိဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ပွဲတွင် တော်လှန်ရေးအင်အားစုဘက်မှ ပုဝါနီ စစ်ကြောင်းမှ ရဲဘော်ဘီလုံးသည် မိုင်း ထောင်နေစဉ် နံနက် ၅ နာရီ ၁၀ မိနစ်အချိန်၌ မိုင်းမတော်တဆဖြစ်ကာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
CDM News

CDM News

CRPH ၏ “အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်း ဥပဒေ” သည် စစ် ကောင်စီ၏ CDM ဝန်ထမ်းများ အပေါ်ထားသော သဘောထားတူညီနေသဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ထုတ်ပြန်   သံလွင်မြန်မာသတင်း ဇွန်လ ၁၅ CRPH ၏ “အကြမ်းမဖက်...