Bago News

Bago News

ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာ၌ တပ်စွဲထားသော စစ်သားများကို ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်မှု စစ်သား ၅ ဦးထက်မနည်းသေဆုံး

 

D Day News

စက်တင်ဘာလ ၂၅

 

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်း ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကီးကူစစ်ကြောင်းထံမှ သိရသည်။

 

စက်တင်ဘာလ ၂၃ ရက် နံနက် ၆ နာရီခန့်က ရေတာရှည်မြို့နယ် ၊ စစ်တောင်းမြစ်အရှေ့ခြမ်း၊ ဆွာ ရွာသစ်ကျေးရွာ၌ ၄ လကျော် ကြာတပ်စွဲနေသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် စတင် တိုက်ခိုက်ပြီး ၆၀ မမ၊ ၄၀ မမ တို့ဖြင့် ဆက်လက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့နောက် မြေပြင်အဖွဲ့များမှ အနီးကပ်ဝင်ရောက်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၂ နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၅ ဦးခန့်သေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“အင်အား ၁၀၀ ကျော်လောက်နဲ့ တပ်စွဲထားတာ၊ ရေတာရှည်စစ်တောင်းမြစ်အရှေ့ဘက်က ဆွာရွာ သစ်မှာ တပ်စွဲထားတဲ့ စစ်စခန်းပါ။” ဟ ကီးကူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရေတာရှည်စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး ကီးကူစစ်ကြောင်းအပါအဝင် ပူးပေါင်းအဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကီးကူစစ်ကြောင်းမှ ရဲဘော်တစ်ဦး အသေးစား ထိခိုက်မှု(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

နောင်ချိုမြိုနယ်ရှိ ကျေးရွာ(၇)ရွာတွင် တိုက်ပွဲဖြစ်နေပြီး စစ်တပ်က ဓာတုအဆိပ်ဗုံးများပါ အသုံးပြု တိုက်ခိုက်နေ   သံလွင်မြန်မာသတင်း ဇွန်လ ၂၁   ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာတွင် တိုက်ပွဲဖြစ်နေပြီး စစ်တပ်က ဓာတုအဆိပ်ဗုံးများပါ အသုံးပြုတိုက်ခိုက်နေကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ် ပြန်သည်။...