သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၂၆
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲအား မဲပေးရန် ဖိအားပေးခြိမ်းခြောက်နေသူ အုပ်ချုပ်ရေးမှူး အုပ်ချုပ်ရေးမှူး အေး သောင်းကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သာယာဝတီရိုင် တပ်ရင်း ၃၈၀၂ က ထုတ်ပြန် သည်။
ယမန်နေ့ အောက်တိုဘာလ ၂၅ ရက် နံနက် ၇ နာရီ ၂၀ မိနစ်က အုတ်ဖိုမြို့နယ်၊ ဘလားအုပ်စု အုပ်ချုပ်ရေးမှူး အေးသောင်ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျား တပ်ဖွဲ-အုတ်ဖို၏ ရဲဘော်များက ၄င်း၏ နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရာ ဦးခေါင်းတည့်တည့်ကို ကျည် ၁ ချက် ထိမှန်၍ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသည့် အုပ်ချုပ်ရေးမှူး အေးသောင်သည် အကြမ်းဖက်စစ်တပ်မှ ပြုလုပ်မည့် တရားမဝင် ရွေး ကောက်ပွဲအား ပြည်သူများ မဲထည့်ရန် ဖိအားပေးခြင်း၊ ပြည်သူများထံမှ စစ်မှုထမ်းကြေးဟု ဆို ကာ ငွေကြေးများ ခြိမ်းခြောက်ကောက်ခံခြင်း၊ လူငယ်များအား စစ်မှုစေခိုင်း ထမ်းရန် အတင်းအကြပ် စုဆောင်းခြင်းများ လုပ်ဆောင်နေသောကြောင့် အရေးယူရခြင်း ဖြစ်ကြောင်း အသိပေးထားသည်။
သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ဖွဲ့အနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခ ပေးနေကြသည့် စခ၊ ရခ၊ ပစများအပြင် ၄င်းတို့၏ထောက်တိုင်များကိုပါ အရှိန်မြင့် တိုက်ခိုက်သွား မည်ဖြစ်ပြီး မိဘပြည်သူများ အနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ လုံးဝ (လုံးဝ) မပြုလုပ် ကြပါရန် ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media