သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၂၅
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် အုပ်ချုပ်ရေးအဖြစ် နှုတ်ထွက်ထားပြီးဖြစ်သည်ဟု PDF တပ်ဖွဲ့ကို လှည့် ဖျားကာ သတင်းစုံစမ်းပေးနေသော နတ္တလင်းရွာအုပ်ရေးမှူး စိုးဝင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-PPDF က ထုတ်ပြန်သည်။
စက်တင်ဘာလ ၂၆ ရက် ညနေ ၅ နာရီခန့်က ပေါက်ခေါင်းမြို့နယ်၊ ကမွန်းခြုံအုပ်စု၊ နတ္တလင်းရွာနေ အုပ်ချုပ်ရေးမှူးစိုးဝင်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် ဗျူဟာ ၂၁ ကွပ်ကဲမှု အောက်ရှိ ၃၆၀၁ တပ်ရင်း တပ်ခွဲ ၃ မှ ရဲဘော်များက ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာတင်ပွဲချင်းပြီး သေဆုံးသွား ကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူးစိုးဝင်းသည် အကြမ်းဖက်စစ်ကော်မရှင် ထောက်တိုင် ထွေအုပ် ရပ်/ကျေး စာရေးထံမှ ထွက်စာကိုတောင်း၍ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များကို စစ်ကော်မရှင် ထံတွင် ‘ဆက်မလုပ်တော့ပါဘူး’ဆိုကာ လိမ်လည်လှည့်ဖျားပြီး စစ်ကောင်စီမှ ပေးအပ်သော လစာကို ရယူကာ ဆက်လက်လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။
ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ သတင်းကို အကြမ်းဖက်စစ်ကော်မရှင်ထံပေးပို့ခြင်း၊ စစ် မှုထမ်းစုဆောင်းပေးခြင်း၊ နတ္တလင်းရွာထဲသို့ အကြမ်းဖက် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များကို ခေါ်ထား ခြင်းများကို လုပ်ဆောင်နေသော ကြောင့် ယခုကဲ့သို့ ပြတ်ပြတ်သားသားအရေးယူလိုက်ရခြင်းဖြစ် ကြောင်း အသိပေးထားသည်။
Thanlwin Myanmar Media