သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၁၁
ပဲခူးတိုင်း နတ်တလင်းမြို့နယ် ဆဲကန်ရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိ ကြောင်း Bamar Revolution Army တပ်ဖွဲ့က ထုတ်ပြန်သည်။
ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် နတ်တလင်းမြို့နယ်၊ ဆဲကန် ကျေးရွာအနီးတွင် ကင်းပုန်းဝပ်နေသည့် စစ်သားများကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များက ဝင် ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင် ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်စစ်သားများသည် ပျဉ်ပုံရွာရှိ အထိုင်စခန်းမှ စစ်သားများဖြစ်ပြီး ဆိုင်ကယ်များဖြင့် ဆဲကန်ကျေးရွာဘက်သို့ ထွက်လာကာ ပြည်သူများ၏ ဆိုင်ကယ်များကို စစ်ဆေး ခြင်းလုပ်ဆောင်ခဲ့ကြောင်း၊ ထိုသို့ စစ်ဆေးပြီးနောက် ပျဉ်ပုံရွာအထိ ပြန်ဆုတ်သွားသော စစ်သားများ ရှိသော်လည်း အချို့မှာ ကင်းပုန်းဝပ်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၄ ၊ Bamar Revolution Army -B.R.A တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media