သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၇
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဆင်တဲကုန်းအုပ်စု၊ ဆင်တဲကုန်းကျေးရွာ၊ လူငယ် အားမာန်၊ စာကြည့်တိုက်၌ ကပ်ထားသည့် မဲစာရင်းစာရွက်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က ထုတ်ပြန်သည်။
အောက်တိုဘာလ ၆ ရက်နေ့က မင်းလှမြို့နယ်၊ ဆင်တဲကုန်းအုပ်စု၊ ဆင်တဲကုန်းကျေးရွာ လူငယ် အားမာန် စာကြည့်တိုက်၌ ကပ်ထားသော အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာ မဲစာ ရင်းစာရွက်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း သိရ သည်။
အဆိုပါ လုပ်ဆောင်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ သာယာဝတီခရိုင် တပ် ရင်း ၃၈၀၂ တပ်ခွဲ ၂ ၏ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်ခြင်းမပြုကြ ရန်နှင့် အကြမ်းဖက်စစ်သားများ၊ စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူထောက်တိုင်များအနီး သွား လာနေထိုင်ခြင်း မပြုကြပါရန် မေတ္တာရပ်ခံထားသည်။
Thanlwin Myanmar Media