ပဲခူးခရိုင်ပကဖ ကဖွဲ့စည်းထားသည့်တိုက်ခိုက်ရေးစစ်ကြောင်းကို အထူးတိုင်းစစ်ဌာနသို့ လွှဲပြောင်း အပ်နှံ

ပဲခူးခရိုင်ပကဖ ကဖွဲ့စည်းထားသည့်တိုက်ခိုက်ရေးစစ်ကြောင်းကို အထူးတိုင်းစစ်ဌာနသို့ လွှဲပြောင်း အပ်နှံ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၆

ပဲခူးခရိုင် ပကဖ က ဖွဲ့စည်းထားသည့် တိုက်ခိုက်ရေးစစ်ကြောင်းကို အထူးတိုင်းစစ်ဌာနလက်အောက် သို့ လွှဲပြောင်းပေးလိုက်ကြောင်း ပဲခူးခရိုင်ပကဖက ထုတ်ပြန်သည်။

ယမန်နေ့ အောက်တိုဘာလ ၅ ရက်နေ့က KNU တပ်မဟာ ၁ နယ်မြေတွင် ပဲခူးခရိုင်ပကဖက ဖွဲ့စည်း ထားသည့် တိုက်ခိုက်ရေးစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာန၏ စစ်ဆင်ရေးကွပ်ကဲမှုအောက်၌ တာဝန်ထမ်းဆောင်စေရန် လွှဲပြောင်းအပ်နှံပွဲ အခမ်းအနားကျင်းပခဲ့ ပြီး ပဲခူးခရိုင်ပကဖတာဝန်ခံ ရဲဘော်ဖြိုးမောင် မှ အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ရဲဘော် အောင်စံရှားထံသို့ ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းကို လွှဲပြောင်း အပ်နှံပေးခဲ့ကြောင်း သိရ သည်။

အခမ်းအနားသို့ အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှုး ရဲဘော်အောင်စံရှား၊ စစ်ထောက်အရာရှိ ရဲ ဘော် ကွီးသောင်း၊ တိုင်းဆေးတာဝန်ခံ ဒေါက်တာဒေဝ၊ အမှတ် (၃၆) နည်းဗျူဟာမှူး ရဲဘော်ရန်နိုင်၊ ပဲခူးတိုင်းပကဖ ထောက်လှမ်းရေးအရာရှိ ရဲဘော်စောဘီလူး ၊ ပဲခူးခရိုင်ပကဖတာဝန်ခံ ရဲဘော်ဖြိုး မောင်နှင့် ခရိုင်တာဝန်ခံများ သက်ဆိုင်ရာမြို့နယ် ပကဖတာဝန်ခံများ တက်ရောက်ခဲ့ကြောင်း သိရ သည်။

ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေး စစ်ကြောင်းကို အမှတ် ၁ စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာန၏ စစ်ဆင်ရေးကွပ်ကဲမှူအတွင်းရှိ ဝေါမြို့နယ် ၊ ကဝမြို့နယ် ၊ သနပ္ပင်မြို့နယ်၊ ပဲခူးမြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ ဖြစ်သော အင်းတကော် ပကဖ ၊ ဘုရားကြီးပကဖနှင့် ပဲခူးမြို့နယ် ပဖက တို့မှ ပေါင်းစည်းထားသည့် စစ်‌ကြောင်း တစ်ခုဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ PDF တပ်ရင်း/စစ်ကြောင်းစုဖွဲ့မှုအတိုင်း လက်ရုံးတပ်ဖွဲ့များပါ ပြည့်စုံအောင် စုဖွဲ့လေ့ ကျင့်ထားပြီး စစ်ဆင်ရေးများလည်း ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ကြောင်း အသိပေးသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို အကြမ်းဖက် ဖက်ဆစ်စစ်တပ်က သီတင်းကျွတ်လပြည့်နေ့ ပင်မရှောင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးတစ်ဦးအပါအ ဝင် ပြည်သူ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ...