ရွှေကျင်မြို့တွင် ပြန်လည်တည်ဆောက်နေသော ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီး၊ စနိုက်ပါ တို့ဖြင့် နေ့စဉ်နီးပါးတိုက်ခိုက်၊ သေဆုံးစစ်သားအလာင်းများကို တပ်ရင်းအနီး၌ မြေမြှုပ်ပစ်ကာ သတင်းအစဖျောက် (ရုပ်သံ)

ရွှေကျင်မြို့တွင် ပြန်လည်တည်ဆောက်နေသော ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီး၊ စနိုက်ပါ တို့ဖြင့် နေ့စဉ်နီးပါးတိုက်ခိုက်၊ သေဆုံးစစ်သားအလာင်းများကို တပ်ရင်းအနီး၌ မြေမြှုပ်ပစ်ကာ သတင်းအစဖျောက် (ရုပ်သံ)

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၄

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် ပြန်လည်တည်ဆောက်နေသော အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီး၊ စနိုက်ပါတို့ဖြင့် နေ့စဉ်နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ရာ ဂဏန်း နီးပါးသေဆုံးပြီး သေဆုံးစစ်သားများကို တပ်ရင်းအနီးတွင် မြေမြှုပ်ပစ်ကာ သတင်းဖျောက် ထားကြောင်း ပဲခူးခရိုင် ပကဖ ထံမှ သိရသည်။

အောက်တိုဘာလ ၂ ရက်နေ့က ရွှေကျင်မြို့အခြေစိုက်၊ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၉၈ တပ် ရင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ဆင်ရွာ ဆေးရုံသို့ သယ်ဆောင်သွားကြောင်း၊ အလားတူ နေ့စဉ်နီး ပါး လက်နက်ကြီး၊ စနိုက်ပါတို့ဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ရာဂဏန်းနီးပါးသေ ဆုံးပြီး သေဆုံးစစ်သားများကို တပ်ရင်းအနီးတွင် မြေမြှုပ်ပစ်ကာ အထက်ဌာနအဆင့်ဆင့်ကို ကြေး နန်းပို့ခြင်းမရှိ၊ ပြည်သူများကို အသိပေးခြင်းမရှိပဲ သတင်းအစဖျောက်ထားကြောင်း သိရသည်။

“အောက်တိုဘာလ ၂ ရက်နေ့က တိုက်ခိုက်ခဲ့လို့ ဒဏ်ရာရတဲ့ ၂ ဦးနောက်ဆက်တွဲ သတင်းကတော့ အတည်မပြုနိုင်သေးဘူး။ အဲဒီတပ်ရင်းကို လက်နက်ကြီး၊ စနိုက်ပါတွေနဲ့ နေ့စဉ်နီးပါး သွားချနေတာ၊ သေဆုံးတာက ရာဂဏန်းနီးပါးရှိပြီ” ဟု ပဲခူးခရိုင် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုသို့ သေဆုံးစစ်သားများအား တပ်ရင်းအနီး၌ မြေမြှုပ်ပစ်သည်ကို ယခုရက်ပိုင်းအတွင်း လက်နက်မဲ့ အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သားတစ်ဦးကလည်း အတည်ပြုပြောဆိုထားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၉၈ တပ်ရင်းကို KNLA တပ်ရင်း၇ နှင့် ပူးပေါင်း၍ ပဲခူး ခရိုင် ပကဖ လက်နက်ကြီးတပ်ဖွဲ့ ၊ ကဝ လက်နက်ကြီး တပ်ဖွဲ့တို့က တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရွှေဘိုမြို့နယ်၊ တဂဏန်းရွာတိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံး၊ တပ်ကြပ်တစ်ဦးအပါအဝင် ၄ ဦး အရှင်မိ (ရုပ်သံ)

ရွှေဘိုမြို့နယ်၊ တဂဏန်းရွာတိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံး၊ တပ်ကြပ်တစ်ဦးအပါအဝင် ၄ ဦး အရှင်မိ (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တဂဏန်းရွာတိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံးပြီး တပ်ကြပ်တစ်ဦး အပါအဝင် ၇ ဦး အရှင်ဖမ်းမိခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းထံမှ သိရသည်။ အောက်တိုဘာလ ၂ ရက် နံနက် ၃ နာရီ ၃၀...